" ကဲ . . ရောက်ပြီ ခွန်းငယ်ရေ
လက်ထဲဖုန်းကိုချပြီး ကားပေါ်က အထုတ်အပိုးတွေကိုချဖို့ပြင်တော့ "အမေဖြစ်သူရဲ့စကားကြောင့်ခွန်းငယ်လည်းသူငယ်ချင်းတွေနဲ့စာရိုက်လက်စကိုအရှိန်ဖြတ်ကာဖုန်းကိုဘောင်းဘီအိတ်ထဲအမြန်ထည့်ပြီးကားတံခါးဖွင့်ကာဆင်းလေသည် ၊၊
ထို့နောက်အမေဖြစ်သူနဲ့တူတူကားနောက်ခန်းကအထုတ်အပိုးတွေချပြီးနောက်ခန်းတံခါးကိုပြန်ပိတ်လိုက်လေသည် ၊၊
တစ်စုံတစ်ယောက်ကကိုယ့်ကိုကြည့်နေတဲ့ဆိုတဲ့ခံစားချက်ကြောင့်ခွန်းငယ်အပေါ်ကိုမော့ကြည့်လိုက်လေသည် ၊၊
ထိုစဥ်အိမ်အပေါ်ထပ်မှအမျိုးသမီးတစ်ယောက်ကိုလှမ်းတွေ့လိုက်တာကြောင့်မျက်မှောင်လေးတချက်ကျုံ့ရင်း
" ဟိုပြတင်းပေါက်နားကအမျိုးသမီးကဘယ်သူလဲဟင် မာမီ "အမေဖြစ်သူကလည်း ခွန်းငယ်လက်ညှိုးညွှန်ရာဆီလိုက်ကြည့်ပြီး
" အလုပ်များနေတာတောင်နောက်ပြောင်ဖို့အချိန်ရှိသေးတာလား ခွန်းငယ် "ခွန်းငယ်တစ်ယောက်ခေါင်းလေးခါရင်း
" သမီး နောက်ပြောင်နေတာမဟုတ်ဘူး မာမီ
တကယ်မြင်လို့မြင်တယ်ပြောတာပါ "" တော်တော့ ခွန်းငယ်
Horror တွေရေးရတာကြိုက်တိုင်း စိတ်ကူးယဉ်ပြီးလျှောက်ပြောမနေနဲ့ "ခွန်းငယ်လည်းအမေဖြစ်သူကိုခွန်းတုံ့ပြန်ဖို့ဟန်ပြင်ရင်း ထိုပြတင်းပေါက်တချက်လှမ်း
ကြည့်ပြန်သည် ၊၊ ထိုစဥ်ဘယ်အရာမှရှိမနေသည်မို့အံအားသင့်သွားလေသည် ၊၊" အော် ပြောနေတာတောင်အဲ့တာဘာဖြစ်နေတာလဲ ခွန်းငယ်
ကိုယ့်အထုတ်တွေကိုယ်ယူပြီးအပေါ်ထပ်ကိုသွားတော့ "ခွန်းငယ်လည်းဆက်ကြည့်မနေဘဲအထုတ်အပိုးတွေကိုယူပြီးအပေါ်ထပ်ကကိုယ့်အခန်းဆီကိုအတွေးတွေနယ်ချဲ့ကာသွားတော့သည် ၊၊
အခန်းထဲရောက်သည်နဲ့အထုတ်အပိုးတွေကိုအောက်ချပြီးကုတင်မှာထိုင်ကာသေသေချာချာတွေးရင်းအဖြေရှာနေမိသည် ၊၊ အဖြေမရသည့်အဆုံးကိုယ့်ကိုယ်အမြင်မှားသည်ဟုသာကောက်ချက်ချလိုက်လေသည် ၊၊
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ