Ep ( 6 )

2.4K 305 1
                                    

ဒီနေ့တော့ကျောင်းပိတ်ရက်ဖြစ်တာမို့မနက် ၁၀နာရီ Alarm မြည်သံကြားမှ ထုံးစံအတိုင်း ခွန်းငယ်အိပ်ရာထလေသည် ၊၊

အိပ်ရာနိုးသည်နှင့်လက်ကောက်ဝတ်ကခေါင်းစီးကြိုးလေးနှင့်ဆံပင်ကိုမြင့်မြင့်လေးစုချည်ထုံးနှောင်ပြီးရေချိုးခန်းဆီထွက်လာခဲ့လေသည် ၊၊

ထို့နောက်ရေမိုးချိုးပြင်ဆင်ပြီးသည်နှင့်မနက်စာစားရန်အောက်ထပ်ကိုဆင်းလာခဲ့လေသည် ၊၊

မီးဖိုချောင်တွင်အမေဖြစ်သူကတော့တစ်ယောက်တည်းဗြစ်တောက်ဗြစ်တောက်ပြောရင်းချက်ပြုတ်နေလေသည် ၊၊

ခွန်းငယ်လည်းစားပွဲဝိုင်းကခုံမှာဝင်ထိုင်လိုက်ရင်း
" တစ်ယောက်တည်း
ဘာတွေပြောနေတာလဲ မာမီ "

အမေဖြစ်သူဟာခွန်းငယ်ရှိရာသို့လှည့်လာပြီး
" ဘုရားပန်းတွေပေါ့
မာမီ ဟိုရက်ကပဲလဲထားတာ
ထပ်ပြီးညှိုးသွားပြန်ပြီ "

ပရလောကသားတွေရှိနေတဲ့အိမ်ဟာ . . .
ဘုရားပန်းတွေအမြဲတစေညှိုးနွမ်းလေ့ရှိသည်ကိုခွန်းငယ်သိလေသည် ၊၊ သို့သော်လည်းထိုအဖြေကိုသတိမပြုမိတဲ့အမေဖြစ်သူကိုထုတ်မပြောခဲ့ပေ ၊၊

အမေဖြစ်သူကခွန်းငယ်ရှေ့ဇွန်းတပ်ထားတဲ့ပန်းကန်လုံးလေးကိုချပေးရင်း
" ဒီနေ့နားရက်ဆိုတော့ သမီးကြိုက်တဲ့အုန်းနို့ခေါက်ဆွဲလေးချက်လိုက်တယ်
စားကြည့်ပါဦး . . ဘယ်လိုနေလဲဆိုတာ "

ခွန်းငယ်လည်းပန်းကန်နားကပ်အနံ့လေးခံပြီး
" အာ . . . မွှေးနေတာပဲ
အနံ့နဲ့တင်အရသာရှိမှန်းသိနေပါပြီ "

အမေဖြစ်သူကပြုံးရင်းခြမ်းလာတဲ့သံပုရာသီးစိတ်ကိုခွန်းငယ်ပန်းကန်ထဲညှစ်ထည့်ပေးပြီး
" ကဲပါ . .
သားအမိချင်းကပ်မြှောက်မနေပါနဲ့
စားစရာရှိစားတော့
တော်ကြာ ကျူရှင်မမှီပဲနေမယ် ခွန်းငယ် "

ခွန်းငယ်လည်းပန်းကန်လုံးထဲမှအုန်းနို့ခေါက်ဆွဲကိုဇွန်းနဲ့ခပ်ကာတချက်မှုတ်လိုက်ပြီးပါးစပ်ထဲသို့ထည့်လိုက်လေသည် ၊၊

ထို့နောက်ခွန်းငယ် လက်မလေးထောင်ကာ
" ရှယ်ပဲ မာမီရေ "

အမေဖြစ်သူက၅ဆင့်ချိုင့်ကိုဆေးကြောနေရင်း
" ဆရာမအတွက်ရော သမီးသူငယ်ချင်းအိမ်အတွက်ပါ မာမီ ထည့်ပေးလိုက်မယ်
ယူသွားလိုက်နော် ခွန်းငယ် "

ခြံအမှတ်(၁၃)Where stories live. Discover now