Ep ( 12 )

2.3K 300 2
                                    

ဒီနေ့တော့ခွန်းငယ်အမေတစ်ယောက်လူနာခန်းမှာရွှေရည့်ကိုထားပြီးအိမ်ကိုခဏပြန်ခဲ့လေသည်၊၊

အိမ်ရောက်သည်နှင့်ယူစရာရှိသည့်အဝတ်တွေကိုယူပြီးလျှော်စရာရှိသည်များကိုလျှော်ဖွတ်ကာဆေးရုံသို့ပြန်လေသည် ၊၊

လူနာခန်းထဲသို့ခွန်းငယ်အမေဝင်လာသည်နှင့်ရွှေရည်လည်းထိုင်ရာမှထပြီးလက်ထဲမှအထုတ်အပိုးတွေကိုဝိုင်းကူသယ်ပေးလေသည် ၊၊

ထို့နောက်အထုတ်အပိုးတွေကိုလွတ်တဲ့နေရာတွင်
နေရာချကြပြီးခွန်းငယ်အမေဟာလက်ကနာရီကိုငုတ်ကြည့်ကာ
" အချိန်တောင်မနည်းတော့ဘူး
ပြန်တော့မလားသမီး
တော်ကြာမိုးအတော်ချူပ်သွားမှာစိုးလို့ "

"  ရတယ် အန်တီ
ဒီနေ့တော့သမီးဒီမှာပဲအိပ်သွားလိုက်တယ်
စာမေးပွဲလည်းပြီးသွားပြီဆိုတော့
အေးရာအေးကြောင်းပဲလေ "

"  ခွန်းငယ်ကတော့လွတ်ကုန်ပြီပဲ  "

"  ဘာမှမဖြစ်ပါဘူး အန်တီရယ်
အဆင့်ကြီးမှမဟုတ်သေးတာ
စိတ်မကောင်းမဖြစ်ပါနဲ့နော် "

" အင်းလေ  .    .     .    
ကံတရားက
ဒီလိုဆိုမှတော့ဘယ်တတ်နိုင်ပါ့မလဲလေ
ဒါနဲ့ဒီမှာအိပ်မယ်ဆိုတဲ့အကြောင်း
လူကြီးတွေကိုရောပြောခဲ့ရဲ့လား  "

"  ဟုတ် ပြောလာခဲ့ပါတယ် အန်တီ  "

" ဟုတ်ပါပြီ
ဒါဆိုလည်း သမီးညစာတခုခုသွားစားဦးလေ "

"  ဟုတ်ကဲ့ အန်တီ  "

"  နေဦး သမီး  "

ခွန်းငယ်အမေဟာသွားဖို့ပြင်နေတဲ့ရွှေရည်ကိုလှမ်းတားပြီးသူမပိုက်ဆံအိတ်ထဲမှ၁သောင်းတန်တစ်ရွက်ကိုထုတ်ကာရွှေရည့်လက်ထဲကိုထည့်ပေးလိုက်လေသည် ၊၊

ရွှေရည်ကလည်းအားနာနာဖြင့်
"  ရပါတယ် အန်တီ
သမီးမှာပါပါတယ်  "

" ကလေးဆိုတာလူကြီးပေးတာမငြင်းရဘူးလေ "

ဒီတော့မှရွှေရည်လည်းပိုက်ဆံကိုပြန်မပေးတော့ဘဲလက်ခံလိုက်လေသည် ၊၊

" ကျေးဇူးတင်ပါတယ် အန်တီ
ဒါဆိုသမီးသွားစားလိုက်ဦးမယ်နော်
အန်တီရောဘာမှာဦးမလဲ  "

ခြံအမှတ်(၁၃)Where stories live. Discover now