Ep ( 7 )

2.3K 316 2
                                    

"  ရွှေရည် !!   "

"  အွန်း   "

" မနေ့ကတီချယ်ပေးလိုက်တဲ့အိမ်စာပြီးပြီလား "

" ဘယ်အိမ်စာလဲ ကျူရှင်လား ကျောင်းလား "

" ကျူရှင်လေ  physic လေဟာ "

" အော်  ပြီးသွားပြီလေ "

"  ပြီးသွားရင်လည်းငါ့ကိုခဏလောက်ပေးပါလားငါအခုမှသတိရလို့  "

ရွှေရည်လည်းစာအုပ်လေးကိုလွတ်အိတ်မှထုတ်ရင်း
"  မှန်လား မမှန်လားတော့မသေချာဘူးဟ
တီချယ်စစ်မှာဆိုတော့ ရမ်းတွက်လာတာ  "

ခွန်းငယ်တစ်ယောက် ကပျာကပျာဖြင့်
"  မှန်မှန် , မမှန်မှန် တွက်ထားဖို့ကအရေးကြီးတယ်  " ဆိုကာရွှေရည့်လက်ထဲမှစာအုပ်ကိုအမြန်ဆွဲယူလိုက်လေသည် ၊၊

ထို့နောက်ခွန်းငယ်လည်းဆရာမ,မဝင်တဲ့ကျောင်းဆင်းခါနီးအလိုတစ်ချိန်မှာပဲအိမ်စာကိုအသည်းအသန်ကူးရေးတော့သည် ၊၊

ရေးပြီးသည်နှင့်ထိုစာအုပ်နှစ်အုပ်ကိုညှပ်ပြီးစားပွဲအောက်အံမှာထည့်ကာသန့်စင်ခန်းသို့သွားလေသည်၊၊

ခဏအကြာမှာပင်ကျောင်းတက်ဘဲလ်အသံကိုကြားရလေသည် ၊၊

ထို့ကြောင့်ခွန်းငယ်လည်းဘေစင်မှာလက်ဆေးလက်စကိုကပျာကပျာလက်စသတ်ပြီးအတန်းသို့အပြေးအလွှားသွားလေသည် ၊၊

ထို့နောက်စားပွဲပေါ်မှစာရေးကရိယာတွေကိုလွယ်အိတ်ထဲကောက်ထည့်ပြီးလွယ်အိတ်ကိုကမန်းကတန်းကောက်လွယ်ကာအတန်းမှထွက်ခဲ့လေသည် ၊၊

ကျောင်းတံခါးဝရောက်သည်နှင့်သူမကိုရပ်စောင့်နေသည့်ရွှေရည်ကိုတွေ့ရလေသည် ၊၊

ခွန်းငယ်အနားသို့ရောက်လာသည်နှင့်ရွှေရည်လည်းလက်မှာကိုင်ထားတဲ့ခြင်းတောင်းကိုခွန်းငယ်ဆီကမ်းပေးကာ
"   ရော့   .      .    "

ခွန်းငယ်လည်းလှမ်းယူပြီး
"   အော်   .       .    ငါခြင်းတောင်းကိုမေ့နေတာ
ကျေးဇူးပါပဲ  "

"  ငါနင့်ကိုအတန်းရှေ့မှာစောင့်သေးတယ်
နင်ရောက်မလာတာနဲ့ နင့်ခြင်းတောင်းကိုယူပြီးထွက်လာတာ "

ခြံအမှတ်(၁၃)Where stories live. Discover now