Ep ( 3 )

2.4K 324 2
                                    

မလုပ်ပါနဲ့   !!  ကျေးဇူးပြုပြီး မလုပ်ပါနဲ့  !!
အဟွတ် အဟွတ်   .    .    .    .

ခွန်းငယ်တစ်ယောက်ကိုယ့်လည်ပင်းကိုယ်လက်ဖြင့်ဖိရင်းချွေးသီးချွေးတွေနဲ့အတူအော်ဟစ်ရင်းအသက်ရှုသံပြင်းပြင်းဖြင့်အိပ်ရာမှနှိုးထလာလေသည် ၊၊

ကြောက်ရွံ့ထိတ်လန့်မှုတွေကြောင့်ဆက်အိပ်မရတော့သည်မို့ထထိုင်လိုက်ပြီးမီးအိမ်ဖျော့တော့တော့အောက်ကနာရီလေးကိုလှမ်းကြည့်လိုက်လေသည် ၊၊

ထို့နောက်ဆံပင်တွေကိုသပ်တင်ပြီးခြေလှမ်းတွေကိုဖြည်းဖြည်းချင်းလှမ်းကာအောက်ထပ်တွင်ရေဆင်းသောက်ရန်အခန်းမှထွက်ခဲ့လေသည် ၊၊

အောက်ထပ်သို့ရောက်သော်ရေခဲသေတ္တာထဲမှအအေးဆုံးဘူးကိုယူ၍စားပွဲပေါ်မှခွက်ကိုယူကာရေထည့်လေသည် ၊၊

ထိုအိပ်မက်အကြောင်းဆီစိတ်ရောက်နေသည်မို့ခွက်ထဲထည့်နေသည့်ရေမှာပြည့်လျှံကာသွားတော့သည်၊၊

ထိုတော့မှခွန်းငယ်လည်းအသိစိတ်ဝင်ကာရေထည့်လက်စကိုရပ်ပြီးခွက်လေးပေါ်နှုတ်ခမ်းလေးတေ့ကာအမြန်သောက်လိုက်လေသည် ၊၊

ရေသောက်ပြီးသည်နှင့်သက်ပြင်းတချက်ချပြီးခွက်ကိုစားပွဲပေါ်ထားရန်ဟန်ပြင်လိုက်သည် ၊၊

ထိုစဥ်တစ်စုံတစ်ဦးမှနား,နားကပ်ကာ
"  ဟန်နီ  !!  "

ချက်ချင်းဆိုသလိုခွန်းငယ်လည်းလှည့်ကြည့်လိုက်လေသည် ၊၊

သို့သော်ဘယ်သူ့မှရှိမနေသည်မို့နားကြားလွဲသည်ဟုသာကိုယ့်ကိုဖြေသိမ့်လိုက်လေသည် ၊၊

ထိုစဥ် ဒုတိယအကြိမ်ထပ်မံ၍
"  ဟန်နီ !!   "

ဒီတစ်ကြိမ်တော့ခွန်းငယ်ဟာကြက်သီးမွှေးသီးပင်ထသွားပြီးတစ်စုံတစ်ဦးမှာမိမိနား,နားကပ်ကာခေါ်နေကြောင်းကိုလက်ခံလိုက်တော့သည် ၊၊

ထိုစိတ်ကြောင့်ပင်သတိလက်လွတ်ဖြစ်ကာလက်ထဲကခွက်မှာလွတ်ကျသွားတော့သည် ၊၊

ခွမ်း  !!

ခွန်းငယ်တစ်ယောက်အစိတ်စိတ်မြွှာမြွှာဖြစ်သွားသည့်ဖန်ခွက်လေးကိုငေးကြည့်နေစဥ်ပင်မှာပဲအအိပ်ဆက်တဲ့အမေဖြစ်သူကအိပ်ချင်စုတ်ဖွားဖြင့်ရောက်လာလေသည် ၊၊

ခြံအမှတ်(၁၃)Where stories live. Discover now