Part-2

1K 65 7
                                    

Unicode

အခုဆို ဂျောင်ဂုဟာ အရင်ကနဲ့မတူတော့ ဖခင်ဖြစ်သူကိုလည်းအရွဲ့တိုက်လာသလို အိမ်ရှိလူကုန်ဘယ်သူ့မှကောင်းကောင်းမနေရအကုန်ပတ်ရမ်းနေတော့သည်။

"ဒီအကျီ် ဘယ်သူလျှော်တာလည်း... "

အိမ်အကူကောင်မလေးမှာ ဂျောင်ဂုအမေးကို ကြောက်ကြောက်လန့်လန့်နှင့်

"ကျွန်မလျှော်တာပါ..."

"ဘယ်လိုလျှော်တာလည်း ဒီမှာကြည့်စမ်း အစွန်းတွေ၊ ငါက အဲ့ဒီအစွန်းပါတာကိုဝတ်ရမှာလား ဟမ်..."

"တောင်းပန်ပါတယ် သခင်လေး ကျွန်မပြန်လျှော်ပေးပါ့မယ်..."

"လျှော်မနေနဲ့ မဝတ်တော့ဘူး အဲ့အကျီ်ကိုယူပြီးလွှတ်ပြစ်လိုက် ငါ့မျက်စိရှေ့မှာ မမြင်ချင်ဘူး ပြီးတော့နင်လည်းအလုပ်ထွက်တော့ နင့်ကိုဒီအိမ်မှာ ဆက်မထားတော့ဘူး..."

အိမ်အကူမလေးမှာ ဂျောင်ဂုအပြောကြောင့်ငိုယိုပြီးတောင်းပန်တော့သည်။

"တောင်းပန်ပါတယ် သခင်လေးရယ် အလုပ်တော့မထုတ်ပါနဲ့ နောက်ကိုအခုလိုမဖြစ်စေရပါဘူး...."

"မလိုချင်ဘူး ငါကတစ်ခါပြောပြီးရင် ပြင်တဲ့လူမျိုးမဟုတ်ဘူး ဒယ်ဒီစီမှာ3လစာကြိုထုတ်ပြီး နင်အလုပ်ထွက်တော့..."

အပေါ်ကဆူညံသံတွေကြားတော့ သူဌေးကြီးလည်း အပေါ်တက်လာတော့သည်။

"ဘာတွေဖြစ်နေကြတာလည်း..."

အိမ်အကူမလေးမှာ သူဌေးကြီးကိုမြင်တော့ အားကိုးတကြီးနဲ့အတင်းပြေးသွားတော့သည်။

"သူဌေးကြီး ကျွန်မကို ကယ်ပါဦး သခင်လေးက အတင်းအလုပ်ထွက်ခိုင်းနေတယ်..."

"ဟေ....ဘာဖြစ်လို့လဲ..."

"ကျွန်မ သခင်လေးအကျီ်လျှော်တာ အစွန်းပါလို့တဲ့ အလုပ်ထွက်တဲ့..."

ဂျောင်ဂုကတော့ ဘာမှဝင်မ​ပြောသေး သူ့အဖေဝင်လာထဲက မျက်နှာထားတင်းတင်းနှင့် စိုက်ကြည့်နေသည်။

"ဘယ်မှာလည်း အဲ့အကျီ်..."

"ဒီမှာပါ ! သူဌေးကြီး..."

သူဌေးကြီးလည်း အိမ်အကူကောင်မလေးပေးတဲ့အကျီ်ကိုယူကြည့်မိတော့ အစွန်းရာဆိုတာ မြင်တောင်မမြင်ရသလောက် သေးသေးလေးဖြစ်နေသည်။

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now