Part-21

1K 49 21
                                    

Unicode

ဂျောင်ဂုအပြင်က ပြန်လာပြီးထဲက စိတ်မကြည်လင်တော့ပါ၊ ထယ်ယောင်းကိုလည်းစကားမပြော အိပ်ယာထဲပဲ ခွေခွေလေးလှဲနေတော့သည်။

"ဂျွန် ဘာဖြစ်နေတာလည်းကွာ ထယ့်ကိုလည်းစကားမပြောပဲ အိပ်ယာထဲပဲ ခွေနေတယ်..."

"ကိုယ် ဟိုလူနဲ့ ထယ် စကားပြောထဲက စိတ်မကြည်လင်နေတာ အဲ့လူကို ဘာကြောင့်မှန်းမသိဘူး ကြည့်လို့ကိုမရတာ..."

"ဂျွန်ရယ် အကိုဟိုဆော့ က ထယ့်ကို ဘာစိတ်မှမရှိပါဘူး ဒီတိုင်းသူ့ညီလေးတစ်ယောက်လို ခင်တာပါ...."

"မသိဘူး ထယ်ရာ ကိုယ်တော့ အဲ့လူ ထယ်နဲ့ ရင်းနှီးနေတာကိုမကြိုက်တာ....ကိုယ့်စိတ်တွေဘာဖြစ်မှန်းကိုမသိဘူး... "

"ကယ်.... ဂျွန်ရယ် ဂျွန်မကြိုက်ရင် ထယ် အကိုဟိုဆော့ကို မဆက်သွယ်တော့ပါဘူး ဟုတ်ပြီလား..."

"တကယ်လား ထယ်... "

"တကယ်ပေါ့ဂျွန်ရယ် ထယ့်ဘဝမှာ ဂျွန်လောက် ဘာမှ အရေးမကြီးပါဘူး... "

ထယ်ယောင်းအပြောကြောင့် ဂျောင်ဂုကျေနပ်သွားသည်။

"ဂျွန် ထ တော့ အဲ့လိုကြီး အိပ်ယာထဲခွေမနေနဲ့ ထမင်းလေးဘာလေး ထ စားဦး.."

"ထယ် ခွံ့ကျွေးမှာလား...."

"ဂျွန်က ခွံ့ကျွေးစေချင်ရင် ကျွေးမှာပေါ့..."

"ဒါဆို ထယ် ခွံ့ကျွေး..."

ထယ်ယောင်းမှာ သူ့ယောကျာ်း ကလေးဆိုးကြီးကို ထမင်းခွံ့ကျွေးရတော့သည်။

"ဂျွန် စားလို့ကောင်းရဲ့လား ပါးစပ်ပျက်တာတွေဘာတွေ ဖြစ်သေးလား..."

"ထယ် ခွံ့ကျွေးရင် စားလို့ကောင်းတယ် ကိုယ့်ဘာကို စားရင် စားမကောင်းဘူး..."

"ဒါဆို ထယ်က ဂျွန့်ကို နေတိုင်းခွံ့ကျွေးရမှာလား..."

"ထယ် နေ့တိုင်း ခွံကျွေးတော့ ကိုယ်စားလို့ဝင်တာပေါ့ ထယ်ရယ်..."

သူ့ယောကျာ်းစကားကြောင့် ထယ်ယောင်းပြုံးမိသွားသည်။ ဒီလူဟာ အရင်က သူ့ကိုမုန်းခဲ့တဲ့ ဂျောင်ဂုမှ ဟုတ်ရဲ့လားလို့ တွေးနေမိသည်။ အခုဂျောင်ဂုက သူ့ကိုသဲသဲလှုပ်ချစ်ကာ သူ့မှသူဖြစ်နေတဲ့ လူမို့ အရင်ဂျောင်ဂုနဲ့ ဆီနဲ့ရေလို ကွာခြားလွန်းသည်။

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now