Part-12

920 48 14
                                    

Unicode

မဂ်လာအိမ်လေးကိုရောက်လာကြတော့ ထယ်ယောင်းလည်း ပင်ပန်းလွန်း၍ ကိုယ်လက်သန့်စင်ပြီးတာနှင့်ကုတင်ပေါ် ပြစ်လှဲလိုက်သည်။

"အင်း...ပင်ပန်းလိုက်တာ..."

ထယ်ယောင်းကိုယ်လက်သန့်စင်ပြီး ဂျောင်ဂုလည်း ကိုယ်လက်သန့်စင်ကာ ထွက်လာလိုက်သည်။

"ထယ် ကိုယ် အပြင်သွားဦးမယ် အိပ်နှင့်နော် ကိုယ့်ကိုမစောင့်နဲ့...."

"ဟင်...ဂျွန်က ဘယ်သွားမှာလည်း..."

"ယွန်းဂီနဲ့ ချိန်းထားလို့ သူ့ကို တဝိုင်းတိုက်ရမှာ အဲ့ဒါကြောင့် ထယ်ကိုယ့်ကို မစောင့်နဲ့တော့ အိပ်နှင့်နော်..."

"အော်...အင်း...ဟုတ်...ဟုတ်ကဲ့..."

ဂျောင်ဂုက ပြောပြောဆိုဆိုနှင့်ပြင်ဆင်ကာ ထွက်သွားပြီဖြစ်သည်။

ကျန်ခဲ့တဲ့ ထယ်ယောင်းမှာတော့ မျက်နှာမကောင်းတော့ အိမ်အသစ်မှာ ဘယ်သူမှ မရှိပဲ သူတစ်ယောက်ထဲ ကျန်ခဲ့တာဟာ အထီးကျန်ဖို့ ကောင်းလွန်းသည်။ ဂျောင်ဂု မစောင့်နဲ့ ပြော၍ ထယ်ယောင်းလည်း ကြောက်ကြောက်နဲ့ စောင်ကိုခေါင်းမူးခြုံပစ်လိုက်သည်။ အိပ်ယာအပြောင်းအရွှေ့ကြောင့် တော်တော်နှင့်လည်း အိပ်မပျော်...။

ညနက်လာလေ ကြောက်စိတ်က ပိုတိုးလေဖြစ်သည်။ ကိုယ်ဝန်ကြောင့်လား ဂျောင်ဂုတစ်ယောက်ထဲ ထားခဲ့တာကြောင့်လားမသိ ဝမ်းနည်းမိ၍ စောင်ကိုခေါင်းမူးခြုံရင်း နဲ့တင်ပဲ ငိုကြွေးနေတော့သည်။

"အဟင့်...ဟင့်..."

ငိုရင်းနှင့်ပင် ရှိုက်သံပိစိလေးပါထွက်လို့လာသည်။ တဖြည်းဖြည်းငိုရင်းနှင့် ပင်ပန်း၍ တရေးအိပ်ပျော်လို့သွားသည်။

"ဂျောင်ဂု တော်တော်လည်း ညနက်နေပြီ မင်းအိမ်မပြန်ဘူးလား..."

"မပြန်ဘူးလေ ဒီည မင်းကို အဝတိုက်မှာ..."

"ငါ ဝ နေပါပြီကွာ မင်းပြန်လိုက်ပါတော့ အိမ်မှာ ထယ်ယောင်းတစ်ယောက်ထဲ မဟုတ်လား..."

"ထယ်ကိုငါပြောခဲ့ပြီးပြီ ငါ့ကိုမစောင့်နဲ့လို့ အဲ့ဒါကြောင့် ဒီည မင်းအဝကဲ ငါမင်းအတွက် အကုန်တာဝန်ယူတယ်.."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now