Part-5

1K 54 11
                                    

Unicode

ထယ်ယောင်း မနက်စောစောထကာ ထုံးစံအတိုင်း သူလုပ်စရာရှိတာတွေကိုလုပ်လိုက်သည်။ ခြံထဲအမှိုက်တွေအားလုံးရှင်းလင်း၍ မနက်စာအတွက်စတင်ချက်ပြုတ်တော့သည်။ အားလုံးပြင်ဆင်ပြီးတော့မှ သူ့အခန်းရှိရာစီ ဝင်ကာ ဆိုင်သွားဖို့ပြင်ဆင်တော့သည်။

အဝတ်အစားလဲရင်း အတွင်းခံချွတ်လိုက်တော့ အတွင်းခံမှာ ပေနေတဲ့ သွေးကွက်ကိုမြင်ကာ စိတ်ပျက်သွားသည်။

"ဟာ...သွားပါပြီကွာ....စိတ်ညစ်ပါတယ်..."

ညီးညူနေရင်းအခန်းတံခါးခေါက်သံကြား၍ ထယ်ယောင်းသွားဖွင့်ပေးလိုက်သည်။

"သားလေး ဆိုင်သွားတော့မလို့လား..."

"ဟုတ်တယ်မေမေ ကျွန်တော် ဆိုင်သွားမလို့ ပြင်ဆင်နေတာ...ဒါနဲ့မေမေ ကျွန်တော် ဒီလ အစောကြီးရှိသေးတယ် ဟိုဟာတွေဖြစ်နေပြန်ပြီ..."

"ဟင်...ဟုတ်လား..."

"ဟုတ်တယ်မေမေ..."

ယွန်းမီတစ်ယောက်သူ့သားကိုကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။

"ငါ့သားလေးလည်း ဝဋ်ကြွေးပဲ ယောကျာ်းလေးတန်မဲ့ မိန်းမတွေလို ဓမ္မတာ လာတာကိုခံစားရ
တယ် မေမေသားအတွက် စိတ်မကောင်းဘူးသားရယ်..."

ယွန်းမီ စကားကြားတော့ ထယ်ယောင်းမှာ ယွန်းမီကို ဖက်လိုက်သည်။

"မေမေရယ် ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ ကျွန်တော် ဘာမှ မဖြစ်ပါဘူး ခံနိုင်ရည်ရှိပါတယ် ကျွန်တော့်ရဲ့ဖြစ်တည်မှုကို ကျွန်တော် ကျေနပ်ပါတယ်မေမေရယ်..."

ထယ်ယောင်းတို့သားအမိပြောနေတဲ့ စကားကို တံခါးအကွယ်ကချောင်းနားထောင်​နေတဲ့ ဂျောင်ဂုမှာ  သူ့နားသူမယုံကြည်နိုင်လောက်အောင်အထိဖြစ်သွားသည်။

!ဟင် ထယ်ယောင်းက မိန်းမတွေလို ဓမ္မတာလာတယ်တဲ့ ဘယ်လိုကြီးလည်း... ငါများနားကြားမှားတာလား...!

ဂျောင်ဂုမှာ တော်တော်လေး အံ့သြသွားသည်။ သူ့တစ်သက်နဲ့ တစ်ကိုယ် ယောကျာ်းလေး ဓမ္မတာ လာတာ မကြားဘူး၍ အထူးအဆန်းဖြစ်နေမိသည်။

"ကယ်ပါ မေမေရယ် ဘာမှစိတ်မကောင်းဖြစ်မနေနဲ့၊ ကျွန်တော်လည်း ဆိုင်သွားတော့မယ် ဒီနေ့ အော်ဒါမှာထားတာတွေ လုပ်ပေးရဦးမှာ..."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now