Part-19

1K 51 15
                                    

Unicode

ယွန်းမီမှာ ထယ်ယောင်းတို့အိမ်ထဲက ထွက်လာတော့ မျက်ရည်ဝဲနေတော့သည်။

သူ့သားလေးကိုဂျွန်သားအမိ ဘယ်လောက်တောင်နှိပ်စက်ထားလည်းမသိ မျက်နှာလေးလည်းချောင်ကျသွားသည်။သားကိုတွေ့လို့ စကားပြောချင်တာတောင် သူ့မှာ မပြောခဲ့ရ၍ ဝမ်းနည်းတော့သည်။

သူဌေးကြီးတို့ပြန်သွားတော့ ဂျွန်သားအမိမှာ ထယ်ယောင်းကိုပညာပြတော့သည်။

"ဟဲ့ စောနက ဖန်ခွက်စတွေ အကုန်ကောက်လိုက် တစ်ခုမှ မကျန်စေနဲ့ ကြားလား..."

"ဟုတ်ကဲ့ အန်တီလေး...."

ထယ်ယောင်းလည်း စောနက ကျကွဲသွားတဲ့ ဖန်ကွဲစတွေ အကုန်လိုက်ကောက်နေတော့သည်။

"အဲ့ဒါတွေ ကောက်ပြီးရင် အိမ်သန့်ရှင်းရေး တစ်ခါထဲလုပ်လိုက်... "

"ဟုတ်ကဲ့ အန်တီလေး..."

ထယ်ယောင်းလည်းဖန်ကွဲစတွေ အကုန်ကောက်လိုက်ပြီး အိမ်သန့်ရှင်းပါ တစ်ခါထဲလုပ်လိုက်သည်။ ထယ်ယောင်း သန့်ရှင်းရေးလုပ်နေတဲ့နားကို ဂျွန်ဂျီအွန်းတစ်ယောက် ရောက်လာကာ ထယ်ယောင်းကို သြဝါဒ ချွေနေတော့သည်။

"နင် သန့်ရှင်းရေးလုပ်တာကလည်း ဘာမှလည်းမပြောင်ပြီး ကြမ်းပြင်တွေမှာ ဒီတိုင်းက ဒီတိုင်းပဲ သေချာ ပြောင်အောင်တိုက်လေ နင့်မှာအားမရှိဘူးလား..."

"ဟုတ်အန်တီလေး ကျွန်တော် ပြောင်အောင်တိုက်ပါ့မယ်..."

"အဲ့ဒါတွေ ပြောင်အောင်တိုက်ပြီးရင် ဒီနားကဖုံတွေကိုလည်း အဝတ်နဲ့ လိုက်တိုက်ဦး..."

"ဟုတ်ကဲ့..."

အိမ်သန့်ရှင်းရေးတွေ လုပ်ပြီးပြန်တော့ ခြံထဲကိုတစ်ခါခေါ်သွားပြန်သည်။

"ဟဲ့ အဲ့ပန်းအိုးတွေက နေရာမကြဘူး ဟိုဘက်ထောင့်ကို ပြောင်းရွှေ့လိုက်..."

"ဟုတ်ကဲ့..."

ထယ်ယောင်းမှာ နေပူကြီးထဲ ဂျွန်ဂျီအွန်းက ပန်းအိုးတွေ ရွှေ့ခိုင်းနေ၍ ရွှေ့ပေးရသည်။

ထယ်ယောင်းပန်းအိုးတွေရွှေ့နေတာကို ဂျွန်ဂျီအွန်းက အရိပ်ထဲကနေ ခုံတစ်လုံးချကာ ထိုင်ကြည့်နေသည်။

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now