Part 4

87 3 0
                                    

အိမ်ရောက်တော့ အမေကြီးကအမေ့ကို အဖိုးအိမ်ကိုခေါ်သွားဖို့လုပ်တယ် အဖိုးကစည်းကမ်းကျပ်တယ် ပြီးတော့ အဖိုးရဲ့အိမ်ကလည်း အမေတို့အိမ်နဲ့ နည်းနည်းဝေးတယ် အမေလည်း မသွားချင်ဘူး ငြင်းခဲ့ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူး အဲ့တော့ အမေကြီးပို့ရာကိုသွားလိုက်ရတယ် အမျိုးသမီးကတော့ နောက်တစ်ပတ်လောက်ကြာတော့ အမေဘယ်မှာနေလည်းဆိုတာကို သူစုံစမ်းပြီးလာတွေ့တယ် အမျိုးသမီးလာတာ အမေမသိခဲ့ဘူး အဖိုးကအမေ့ကို အများအားဖြင့် အခန်းထဲမှာပဲနေခိုင်းထားတာ ဘယ်သူလာမှန်း ဘယ်သူအိမ်ကထွက်သွားမှန်း ဘာမှမသိအောင်လေ အဲ့တော့ အမျိုးသမီးလာတိုင်း အမေမသိခဲ့ဘူး အဖိုးကလည်းသူလာတိုင်း သီတာ အိမ်မှာ မရှိဘူးဆိုပြီး နှင်ထုတ်တယ် ဒီလိုနဲ့နှစ်တွေကြာသွားတယ် တစ်နှစ် နှစ်နှစ် သုံးနှစ်လုံးလုံး အမေ အဖိုးအိမ်က မသွားနိုင်ခဲ့ဘူး အမေ့မိဘတွေလည်း သူတို့တွေ့ချင်ရင် အဖိုးအိမ်ထိလာတွေ့တယ် အမေ့ကိုတော့ မလာခိုင်းဘူး မိဘတွေက အမေ့ကိုလိင်တူချင်းတွဲတာ လုံးဝကန့်ကွက်ထားတယ် ဒီလိုနဲ့ မနက်တစ်မနက်မှာ တံခါးအောက်ကနေ အိမ်ထဲကို စာတစ်စောင်ရောက်လာတယ် အဖိုးကအိပ်နေတုန်း အမေက မျက်နှာသစ်ဖို့ အခန်းကနေ အပြင်ကိုထွက်တုန်း အဲ့ဒီစာကိုတွေ့​တော့ ကောက်ကြည့်လိုက်တာ ဖိတ်စာကြီး ဖိတ်စာအပေါ်မှာ "အချစ်ဆုံး သီတာ" လို့ရေးထားတယ် အမေလည်းဖွင့်ပြီးဖတ်ကြည့်တော့ အမေချစ်ရတဲ့ အမျိုးသမီးနဲ့ တစ်ခြား အမေ မသိသေးတဲ့ကောင်လေးရဲ့  မင်္ဂလာဆောင် ဖိတ်စာဖြစ်နေတယ် အမေ့ရင်ဘက်ထဲ ပြောပြမထွက်လောက် အောင်ကြီးမားတဲ့ နာကျင်မှုတွေ အမေငိုချင်ပေမဲ့ မျက်ရည်မထွက်နိုင်တော့တဲ့မျက်လုးတွေ ဖိတ်စာပါငါ့ဆီ လာဖိတ်ထားတာ ငါသွားမှဖြစ်မှာ မသွားချင်ဘူး ဒါပေမဲ့ ဒါသူနဲ့တွေ့ဖို့အခွင့်ရေးပဲ Sunday မနက် ဖိတ်စာအချိန်အတိုင်း နည်းနည်းစောစောထွက်ခဲ့တယ် အမေထွက်သွားတာ အိမ်ရှေ့က ခြံစောင့်ကလွဲလို့ဘယ်သူမှ မသိဘူး ခြံစောင့်ကိုလည်း ငိုယိုတောင်းပန်ပြီးထွက်လာခဲ့ရတာ ရောက်ပြီ ဒီနေရာပဲ ဟော ဟိုမှာ ငါ့အမျိုးသမီးလေး အမလေး လှလို့... နောက်ဆုံးတော့ တွေ့ချင်နေခဲ့တဲ့ အချစ်ဆုံးကို တွေ့ပြီပဲ သေပျော်ပါတယ် စိတ်ထဲလည်းနာတယ် truth love but wrong time ပဲလား... သူမက အမေ့ကိုတွေ့တာနဲ့ ပြေးလာခဲ့သည် ဖက်သည် အမေငိုတော့မှာ ဒါပေမဲ့ထိန်းထားတယ် မငိုဘူး "နင်နေကောင်ရဲ့လား" သူမက စမေးတယ် "ဘယ်ကောင်းမလဲ နင့်ကိုလွမ်းနေရလို့ နင်ကော နေကောင်းတယ်မလား အခုပျော်နေသလိုပဲ" လို့ အမေပြန်ပြောလိုက်တယ် "ငါပျော်နေတာဟုတ်တယ် ဒါပေမဲ့ ဘာ​ကြောင့်ပျော်နေမှန်း မပြောတတ်ဘူး တွေ့ချင်နေခဲ့တဲ့သူနဲ့ ပြန်တွေ့လို့လား မင်္ဂလာဆောင် ရတော့မှာမို့လို့လား မသဲကွဲဘူးရော" သူမ ပြုံးပြီးပြောတယ် အမေလည်း ပြန်ပြုံးပြပြီး "စနောက်ဖို့အချိန်မဟုတ်တော့ဘူးထင်တယ် ငါ့ကိုနင်လာတောင်တွေ့ခဲ့လို့လား ကဲထားလိုက်ပါ..." အမေ့စကားမဆုံးခင်ပဲသူက "ဘာ...လာမတွေ့ခဲ့ဘူး ဟုတ်လား?? ငါ့မှာတော့လေ အဲ့ဒီနေ့ သီတာ့ ကိုသီတာ့အမေခေါ်သွားကတည်းက ဆက်ပြီးမတွေ့ဖြစ်တော့ဘူးလား ဆိုပြီး စိုးရိမ်လိုက်ရတာ အဲ့ဒါနောက်နေ့ကျတော့ သီတာ့ဆီလာတော့ သီတာအိမ်မှာမနေတော့ဘူး သွားပြီ လို့သီတာ့အမေကအော်ပြောတယ် အဲ့ဒါနဲ့ သီတာဘယ်မှာနေနေလဲ ဆိုတာ လိုက်စုံစမ်းခဲ့တာ နောက်တော့သိသွားတယ် အဲ့ဒါ တစ်ပတ်လောက်ကြာတော့ သီတာ့ဆီကိုလာတော့အဖိုးကြီးတစ်ယောက်ပဲ သူတံခါးဖွင့်တယ် သီတာရှိလား သူ့သူငယ်ချင်းပါ လို့ပြောတော့ မရှိဘူးပြောတယ် ဘယ်သွားလဲ လို့မေးပြန်တော့ အဖိုးကြီးက တံခါးကိုစောင့်ပိတ်တယ် ငါလက်လျှော့တယ်ထင်လား သီတာ လုံးဝလက်မလျှော့ဘူး နောက်နေ့လည်းနင့်ကိုလာရှာတယ် အဲ့လိုပဲ ငါအနည်းဆုံးတော့ တစ်ပတ်မှာ တစ်ရက်လောက်ကြိုးစားပြီးလာတယ် လာတိုင်းလည်း အဖိုးကြီးက သီတာမရှိဘူး အပြင်သွားတယ် ငါတစ်ခါကဆို အိမ်ရှေ့မှာ ညနေစောင်းထိစောင့်ခဲ့တယ် မင်းဘယ်ချိန်များလာမလဲလို့ ဒါပေမဲ့ မင်းမလာခဲ့ဘူး..."

တစ်မိနစ်လောက်ထင်တယ် အမေတို့နှစ်ယောက်လုံးဘာမှမပြောကြတော့ဘူး နည်းနည်းကြာမှ အမေက "နင်လာတယ်ဆိုတာ...ငါ...ငါမသိခဲ့ဘူး..." အမေငိုမိသွားတယ် မျက်ရည်တွေမထိန်းနိုင်တော့ဘူး သူမကလည်း အမေ့မျက်ရည်တွေကိုသုပ်ပေးတယ် မငိုနဲ့တော့ လို့လည်းချော့တယ် ဒီကစ္စကငိုနေလို့လည်း ပြန်စနိုင်မှာမှမဟုတ်တာ အမေသိတယ် အဲ့တော့အမေ ပြောတယ် "ငါပြန်တော့မယ်နော် နင်လည်းပျော်ပျော်နေနော်" "အင်းပါ ငါတို့နှစ်ယောက်ရဲ့ကံကိုက နီးစပ်ဖို့ကံမပါလာတာ နင်တစ်နေ့တော့ နင်နဲ့အဆင်ပြေတဲ့သူမျိုးရှာတွေ့မှာပါ နင့်ရဲ့အချစ်စစ်ကိုရှာတွေ့မှာပါ" သူမက မျက်ရည်ကိုမနည်းထိန်းထားတယ်ထင်တယ် မျက်ရည်လည်းဝဲပီး စကားပြောသံကလည်း ငိုသံဖြစ်နေခဲ့တယ် အမေလှည့်ပြန်ခဲ့တယ် အမေအခုထိအိမ်​ထောင်မရှိသေးတာ တကယ်တော့မယူသေးတာ ဘာကြောင့်လဲဆိုရင်တော့ အမျိုးသမီးကသာ အမေ့ရဲ့အချစ်စစ်ပဲ အမေသူမကို အခုထိချစ်တယ် မြတ်နိုးတယ် အမှတ်တရတွေကိုလည်း သတိရတယ် သူ့ဘက်ကတော့ အမေ့ကို အချစ်ဆုံးသူငယ်ချင်းလိုပဲသဘောထားတော့တယ်..." အမေပြောပြီးပြီ အမေ့ကြည့်ရတာ ထိုအမျိုးသမီးကိုအရမ်းချစ်ပုံရတယ် ဒါနဲ့ ကျမအမေက အပျိုကြီးလေ အိမ်ထောင်မပြုရသေးဘူး အပျိုကြီးဆိုပေမဲ့လည်း ကျမကိုအခုလိုအချိန်ထိ စောင့်ရှောက်ပေးခဲ့တာက အမေအရင်းတစ်ယောက်အတိုင်းပဲ ကျမအတွက်တော့ သူမလိုသူမျိုးနဲ့ ဒီဘဝမှာ လာဆုံရတာ အပျော်ဆုံးတွေထဲကတစ်ခုပဲ ကျမမွေးစားသမီးဖြစ်ပေမဲ့ ဘယ်တော့မှအဲ့လိုမခံစားဖူးဘူး သမီးအရင်းလိုပဲ တခါတလေဆို သူငယ်ချင်းတစ်ယောက်လိုပဲအမေက ကျမအမေ့ကို အခန်းထဲလိုက်ပို့ပေးပြီး ကျမအခန်းထဲ ကျမပြန်ဝင်လာတယ်

2/10/2023

Red flag & Red flag enjoyerWhere stories live. Discover now