Part 7

56 4 0
                                    

"Hey Tina နင်အားလား"

"ငါအားလား မအားဘူးလား နင်တွေ့နေတာပဲလေ နင်ဘာလို့ရောက်လာတာလဲ"

"ငါကော်ဖီသောက်ချင်လို့လေ"

"ဘာအမျိုးစား သောက်မှာလဲ"

"ငါဘာကြိုက်လဲဆိုတာ နင်သိတာပဲလေ ငါဟိုဘက်ဝိုင်းမှာစောင့်နေမယ်နော်"

ငါးမိနစ်လောက်ကြာပြီး...

"ရော့ရပြီ" ကျမကော်ဖီခွက်ချပေးပြီး အလုပ်ဆက်လုပ်ဖို့ သွားမို့လုပ်နေတုန်း Arial ကျမလက်ကိုဆွဲဲပီး

"နေအုံး"

ကျမလည်းပြန်လွတ်ချပြီး "ဘာလဲ"

"နင်ဆိုင်ပိတ်ပြီးရင် ငါတို့နှစ်ယောက် စကားပြောကြမလား"

"နင်စောင့်ရအုံးမယ်"

ကျမ "မပြောချင်ဘူး" လို့ပြောလို့ရပေမယ့် မပြောထွက်ဘူး

"ငါစောင့်နိုင်တယ်" ဆိုပြီးကျမလည်း Tina ကိုပြောလိုက်တယ် တကယ်တော့ ဒီနေ့အမေက အိမ်ကိုစောစောလာဖို့ပြောထားတာ ဒါပေမဲ့ထားလိုက်ပါ ကျမ Tina နဲ့စကားပြောဖို့လိုတယ်

ကျမရင်တွေဆက်တိုက်ခုန်နေတယ် သူကျမကိုကြည့်နေတယ် ဘာလို့သူကြည့်တဲ့အကြည့်တွေက သူကျမကိုချစ်သလိုမျိုးဖြစ်နေတာလဲ သူတကယ်လည်းကျမကိုမချစ်ပဲနဲ့ အဲ့လိုအကြည့်မျိုးကြည့်နိုင်တာ ကျမခံစားချက်တွေကို သူနားမလည်ဘူး ကျမလည်းသူ့ကိုအခုထိချစ်နေသေးတာ ကိုယ့်ကိုယ်ကိုမယုံနိုင်ဘူး ကျမခပ်သွက်သွက် အမေ့ကိုကူပေးနေတယ် Arial နဲ့လည်း အကြည့်ချင်းခနခန စုံနေတယ် ဒီလိုနဲ့ကျမအခုဆိုင်မှာ အလုပ်ပြီးပြီ အမေ့ကို Arial နဲ့အပြင်ခန လမ်းလျှောက်ထွက်ဖို့ပြောတယ်

"သွားလေသမီး သူဟိုမှာထိုင်စောင့်နေတာကြာနေပြီ အမေသူ့ကိုလွန်ခဲ့တဲ့ နှစ်နာရီလောက်တည်းကတွေ့တာ"

"ဟုတ်ကဲ့အမေ သမီးသွားလိုက်အုံးမယ်နော်" ဆိုပြီးကျမလည်း ထွက်လာလိုက်တယ် Arial က အရှေ့ကလျှောက်တယ် ကျမက သူ့အနောက်ကနေလျှောက်တယ် ကျမသူ့နောက်ကျောကိုငေးနေမိတယ် တကယ့်ယောက်ျားလေးလိုပဲ တင်မရှိဘူး တကယ်တော့ သူ့နောက်ကျောကတောင်ကျမအတွက် ဆွဲဆောင်မှုတော်တော်ရှိတယ် သူဝတ်ထားတာလည်း ဂျင်းအပွ နဲ့ အပေါ်က စွပ်ကျယ်အမဲအပေါ်ကိုမှ ကုတ်အင်္ကျီ ထပ်ဝတ်ထား​သေးတယ် သူမရဲ့ ခါးကသေးသေးလေးရယ် ကျမအရင်တုန်းကတော့ သူမရဲ့ Abs ကိုတွေ့ဖူးတယ် အခုတော့ဘယ်လိုလဲမသိဘူး နှစ်နှစ်တောင်ကြာခဲ့ပြီဆိုတော့ သူကအရှေ့ကကြည့်ရင်တော့မိန်းကလေးပါပဲ ရင်သားကြီးကြီးတွေရှိတယ် မျက်နှာကလည်းချောလွန်းတယ် Jawline လည်းထင်းနေရော ကျမနဲ့သူက opposite ကျမလည်း jawline ရှိပေမဲ့ သူ့လောက်တော့မဟုတ်ဘူး ကျမက bi ပေမဲ့ မိန်းကလေးဆန်တယ် သူက ယောကျာ်းလေးလိုပဲနေတယ် သူ့အရာရာတိုင်းက ကျမအတွက်ပြည့်စုံလွန်းတယ် ကျမအတွက်တင်မဟုတ်လောက်ပါဘူး သူ့ကိုကျမ စသိကတည်းက သူ့ကိုလိုက်နေတဲ့သူတွေအများကြီး သူနဲ့တွဲတဲ့သူကတော့ ကံကောင်းတယ်လို့ပြောကြတာပဲ... သူမ ရုတ်တရက် အနောက်လှည့်လာတယ်

Red flag & Red flag enjoyerWhere stories live. Discover now