Part 11

50 5 0
                                    

ဒီလက ကျမရဲ့မွေးနေ့လပဲ မွေးနေ့ရောက်ဖို့တော့ နှစ်ပတ်လိုသေးတယ် အတိအကျဆိုရင်တော့ နှစ်ပတ်နဲ့ သုံးရက် အခုမွေးနေ့လည်း ခါတိုင်းမွေးနေ့တွေလိုပဲ ကျမနဲ့ အမေနဲ့ နှစ်ယောက် မနက်စောစော ရေမိုးချိုးပြီး ဘုရားသွားဖူးမယ် အိမ်မှာ ဟင်းကောင်းချက်မယ် ညဘက်ဆိုရင် အိမ်မှာသားမီးနှစ်ယောက် အကင် ကင်စားမယ် ဘီယာ​အေးလေးနဲ့ ဝိုင်အေးလေးလည်းရှိမယ် ဒီလောက်ပါပဲ ဒီလောက်နဲ့တင်ကျမအတွက်ပြည့်စုံလွန်းပြီ ဒီလမွေးနေ့လည်း အရင်မွေးနေ့တွေလိုပဲဖြစ် ဖို့ဆုတောင်းတယ်။

ကျမ Tina ကိုလွမ်းတယ် ကျမသူနဲ့မတွေ့တာ တစ်လရှိပြီ ဒီလက သူမရဲ့ မွေးနေ့လပဲ လွန်ခဲ့တဲ့နှစ်နှစ် ကျမတို့နှစ်ယောက်တူတူရှိတုန်းကဆို ကျမရယ် Tina ရယ် သူမရဲ့အမေရယ် သုံးယောက် ညဘက်ဆို ဘီယာအေး ဝိုင်အေး နဲ့ အကင် ကင်စားကြတယ် ကျမသူနဲ့အတူရှိတဲ့ နှစ်နှစ်လုံး နှစ်ခါလုံး အဲ့လိုပဲ ဒီနှစ်ကတော့ဘယ်လိုဖြစ်မလဲ မသိဘူး အခုလောလောဆယ်တော့ သူကျမကို စိတ်ဆိုး​နေသေးတယ်ထင်တယ် message တွေလည်း ပြန်မပို့ဘူး ကျမသူ့ကိုတောင်းပန်ထားတာ တောင်းပန်စာ message တွေပဲ ဆယ်ကြောင်းကျော်လောက်ရှိနေပြီ သူ့ဘက်ကတော့ ဝင်လည်းမဖတ်ဘူး စာလည်းမပြန်ဘူး ဒီတစ်လလုံး သူနဲ့နီးရက်နဲ့ဝေးနေတာ ကျမစိတ်မကောင်းဘူး အရင်အပတ် တနင်္ဂနွေ နေ့က ကျမသူ့အိမ်သွားသေးတယ် အမေက "Tina အခုပဲ Rose နဲ့အပြင်သွားပြီ" လို့ပြောတော့ ကျမ သဝန်တိုမိတာတော့အမှန်ပဲ ကျမ ဒီလိုမျိုး သဝန်တိုတာတွေဘာတွေ ဘယ်သူ့ကိုမှမဖြစ်ဖူးဘူး သူကျမကိုမေ့ချင်လို့ Rose နဲ့များတွဲနေလားမသိဘူး Tina ကျမကိုမေ့နိုင်မယ်လို့ကျမ မတွေးဖူးဘူး ညဘက်ဆိုလည်း Tina အ​ကြောင်းတွေ တွေးနေမိတယ် မနက်အိပ်ယာထလည်း သူ့ကိုဘယ်လိုချော့ရမလဲ ဆက်တိုက်တွေးနေမိတာပဲ ကျမသူ့ဆိုင်သွားရင်ကောင်းမလား အင်းပြန်သွားကြည့်ရမယ်

ဒီလိုနဲ့ နောက်နှစ်ရက်နေရင် ကျမမွေးနေ့ပဲ ကျမအပြင်ဘက် လမ်းလျှောက်ထွက်ပြီး အိမ်ထဲဝင်လာတော့ ည7 ခွဲလောက်ရှိနေပြီ ကျမအခန်းထဲဝင်သွားတာ အမေ့ကိုတွေ့တယ်

"အမေ"

"ဟင်"

အမေလန့်သွားတယ်ထင်တယ်

Red flag & Red flag enjoyerWhere stories live. Discover now