Part 14 (Final)

154 4 0
                                    

တစ်လတောင်ကြာပြီ ကျမတက္ကသိုလ်ပြန်တတ်နေရပြီလေ ပိတ်ရက်နှစ်လလုံးက ကျမအတွက်စိတ်ညစ်စရာအများစုနဲ့ ပျော်စရာအနည်းစုဖြစ်ခဲ့ပေမဲ့လည်း ကျမချစ်ရတဲ့သူကိုပိုင်ဆိုင်ခွင့်ရလို့ သေပျော်ပါတယ်

မနက် 6 နာရီထိုးပြီ ကျမရေမိုးချိုးအဝတ်လဲပြီး ကျောင်းအတွက် ထမင်းချိုင့်ထည့်ဖို့ပြင်နေတာ

"Tina ရေ"

"အင်း..."

"Mwah"

Arial ကျမဟင်းချက်နေတာကို အနောက်ကနေ ခါးကိုဖက်ပြီး ပါးကိုလာနမ်းတာ
"ဟာဘာလုပ်တာလဲ မိတ်ကပ်တွေပျက်ကုန်ပြီလေ"

"ဘာဖြစ်လဲ ကိုယ့်ချစ်သူကို နမ်းတာပဲ မိတ်ကပ်ကချစ်သူရဲ့ အနမ်းထက်အရေးကြီးလို့လား ဟင် ပြော"

"ငါတက္ကသိုလ်သွားရတော့မှာလေ သွားအတင်းကြီးမကပ်နဲ့ ဟင်းချက်နေတာ အပူလောင်ကုန်အုံးမယ်"

"အမယ်အမယ် သူတို့နှစ်ယောက်ကို ကြည့်ပါအုံး ဒီအိမ်မှာအမေရှိသေးတယ်နော် သိကြသေးလား"

ကျမအမေမီးဖိုချောင်ထဲဝင်လာတာ ကျမ မသိလိုက်ဘူး
"အမေ..."

"ကဲကဲ ရှက်မနေနဲ့ ဒါပေမဲ့ ငါ့အရှေ့မှာ ခဏခဏတော့လာမ ro နဲ့နော် မျက်စိနောက်တယ်"

"ဟုတ်ကဲ့ပါ အန်တီ ခဏခဏမလုပ်တော့မှာမို့ သမီးကို ဒီနေ့တစ်ရက်လည်းဒီမှာနေခွင့်ပေးနော်"

"ဘာ အန်တီလဲ နင်လေ အမြဲပြောနေရတယ် အမေလို့ခေါ်ပါ ဒါမှကြားလို့ကောင်းမှာ"

"ဟုတ်ကဲ့ အမေ နေခွင့်ပေးနော်...နော်...နော်.."

"အင်းပါ ငါ့ကိုပါလာကပ်မနေနဲ့သွား ကိုယ့်ချစ်သူကိုပဲသွားကပ်"

"yayyy ဒီနေ့လည်းနေအုံးမယ်"

ကျမဘဝကို Arial နဲ့ တူတူကုန်ဆုံးရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ကျမအခုအရမ်းပျော်တယ် အနာဂတ်မှာဘာဖြစ်လာမလဲတော့မသိဘူး ဒါပေမဲ့ အခုလိုအခြေအနေလေးတိုင်းပဲ ရှေ့ဆက်နိုင်ရင်သိပ်ကောင်းမယ် ကျမအရမ်းချစ်ရတဲ့ အမျိုးသမီး နှစ်ဦးနဲ့လည်းအခုလို တစ်သက်လုံးတူတူ နေနိုင်ပါစေလို့ဆုတောင်းတယ်.....

The End

12/10/2023

ဒီ fic လေးကို အစကအဆုံးဖတ်ရှုပေးကြတဲ့ စာဖတ်သူတွေကိုကျေးဇူးအများကြီးတင်ပါတယ် ပထမဆုံးရေးတဲ့ fic မို့ အမှားပါခဲ့ရင် နားလည်ပေးဖို့လည်း တောင်းပန်ချင်ပါတယ်

Thank you!!

You've reached the end of published parts.

⏰ Last updated: Feb 06 ⏰

Add this story to your Library to get notified about new parts!

Red flag & Red flag enjoyerWhere stories live. Discover now