Part 8

54 5 0
                                    

ကျမအိမ်ရောက်တာနဲ့ အခန်းထဲကိုအမေ မသိအောင်ဝင်သွားတယ် အမေသိနေရင် ဝမ်းနည်း သွားမှာစိုးလို့ ကျမအခုလိုငိုတာ Arial ကြောင့်ဆိုတာ အမေ့ကိုမသိစေချင်ဘူး။ မနက်ရောက်ပြီ ကျမ ခါတိုင်းလိုပဲ အမေ့ကို ဆိုင်ကူလုပ်ပေးနေတုန်း Rose ရောက်လာတယ်

"Hey Tina"

"Hey Rose"

"ငါဒီမှာပဲ မနက်စာစားမလားလို့ ပြီးရင်သွားစရာလည်း ရှိသေးတယ် ငါ့ကိုကော်ဖီတစ်ခွက်နဲ့ choco ကိတ်မှုန့်တစ်ခုလောက်ပေးပါလား"

"အေးရတယ်လေ ကော်ဖီက ဘာအမျိုးစားသောက်ချင်လဲ"

"ဟင်...အင်း...ငါလည်းမသိဘူး နင်ကောင်းမယ်လို့ ထင်တဲ့ဟာ ဖျော်ခဲ့လေနော်"

ကျမဘာဖျော်ပေးရမှန်းမသိတာနဲ့ ကျမခါတိုင်းသောက်နေကြ ကော်ဖီပဲ ဖျော်ပေးလိုက်တယ်

Tina ကော်ဖီဖျော်တာ တကယ်တော်တယ်ဗျာ အရမ်းကိုကောင်းနေရော သူမရဲ့အပြုံးလေးကလည်း ချိုနေရော ကျမရဲ့ဒီနေ့မနက်ခင်းကတော့ ပျော်စရာတွေနဲ့ပြည့်ပြီ

"ဟဲ့ သောက်ရတာအဆင်ပြေရဲ့လား"

"အင်း အဆင်ပြေတာပေါ့ ဒါနဲ့ ငါဒီနေ့ညနေလောက်အိမ်ပြန်ရောက်ရင် ဒီကိုလာအုံးမယ်နော်"

"အင်း လာလေ ကြိုဆိုပြီးသားပဲ"

"ကော်ဖီသောက်ဖို့တော့မဟုတ်ဘူး ငါညနေဆိုရင်ကော်ဖီသောက်လေ့မရှိဘူး..."

"ဟင်...ဒါဆို..."

"ဒီတိုင်း တူတူလမ်းလျှောက်ချင်လို့ ဒါမှမဟုတ်လည်းစကား ပြောကြမယ်လေ နော်...နော်လို့"

သူမရဲ့ ခွေးပေါက်မျက်လုံးလေးတွေနဲ့ ကျမကိုပြောနေတော့လည်း
"အင်းပါ ရတယ်လေ" လို့ပဲပြန်ပြောလိုက်တယ် ဘာလိုလိုနဲ့ ညနေတောင်ရောက်လာပြီ Rose ကသူပြောထားတဲ့အတိုင်းပဲ ရောက်လာခဲ့တယ် ဒါပေမဲ့ သူ့လက်မှာ Soju နှစ်ပုလင်းနဲ့...

"Hey Tina နင်ဆိုင်ပိတ်တော့မှာမလား"

"အင်း ခဏနေ ပိတ်တော့မှာ"

"ပိတ်ပြီးရင်ငါတို့နှစ်ယောက် အပေါ်ဆုံးထပ်မှာ သွားသောက်ရအောင် သူငယ်ချင်းနှစ်ယောက်ပြန်တွေ့တဲ့အနေနဲ့ ငါဝယ်တိုက်တာ မငြင်းနဲ့နော်"

Red flag & Red flag enjoyerWhere stories live. Discover now