980 90 0
                                    

Unicode

" အထုပ်တွေကို အခန်းထဲ သေချာသယ်သွားပေးနော် ဦးလေး "

ချစ်သော အထုတ်တွေ ချဖို့ လုပ်နေတဲ့အချိန်
အိမ်ထဲမှ ဦးလေးကြီးတစ်ယောက် ထွက်လာခြင်းဖြစ်သည်။

" သား ထားလိုက် ဦးလေးကြီး သယ်ပေးလိမ့်မယ် "

ချစ်သော သူ့လက်ကို ပြန်ရုတ်လိုက်ရသည်။
ဆင်ဝင်အောက်မှာ ရပ်နေရင်း အိမ်အတွင်းသို့
ခေါင်းဝင်ကြည့်နေမိသည်။
သူတွေးမိသည်ကတော့ ဒီလောက်ကြီးတဲ့အိမ်
တစ်ရွာလုံးတောင် တက်နေ၍ ရသည်ဟူ၍ပင်။

" သား ဝင်ရအောင် လာ "

လမ်းတစ်လျှောက်လုံး သူအိပ်ပျော်လာတာဖြစ်၍
ဦးထွန်းရှိန်တို့ လူချမ်းသာရပ်ကွက်ထဲမှာ ရှိတဲ့
သည့်ထက်ကြီးတဲ့ အိမ်တွေကိုသာ တွေ့လိုက်ရလျှင်
ပိုအံ့ဩသင့်သွားလိမ့်မည်။

ဦးထွန်းရှိန်က ချစ်သောကို တစ်အိမ်လုံးကို လိုက်‌ပြပေးနေသည်။ ချစ်သောကတော့ တစ်ခန်းဝင် တစ်ခန်းထွက်တိုင်းကို အံ့ဩလို့မဆုံးဖြစ်နေသည်။ အပေါ်ထပ် ဝါရံတာကနေ လူလေးရပ်စာလောက်မြင့်သည့် မျက်နှာကြက်ကို ကြည့်လိုက်၊ ကြမ်းပြင်ကို ကြည့်လိုက် လုပ်နေရင်း တွေးမိသွားပြန်သည်။
သူသာ ဒီပေါ်က ပြုတ်ကျရင် သေပြီဟူ၍ပင်။

" သား ... "

" ဗျာ့! "

ဦးထွန်းရှိန် အသာအယာ ခေါ်လိုက်သော်လည်း
ချစ်သောခမျာ မသာမယာ လန့်သွားလေသည်။

" သားနေရမယ့် အခန်း လိုက်ပြမယ်လာ "

အကုန် ပြင်ဆင်ထားတဲ့ အခန်းထဲမှာ သူ့အထုပ်အပိုးတွေဖြစ်တဲ့ မြွေအရေခွံအိတ် အနီကြီးတစ်လုံးနှင့် အညိုရောင်ကျောပိုးအိတ်တစ်လုံးရယ်က အခန်းနှင့်မလိုက်ဘဲ သီးသန့်ဖြစ်နေသည်။

အခန်းထဲကနေ ဝါရံတာထပ်ထုတ်ထားတာကို
ချစ်သော ‌အတော် သဘောကျနေမိသည်။
သူ့ဘေးခန်းကို ကြည့်လိုက်တော့လည်း အခန်းအပြင်ကို ဝါရံတာ ထုတ်ထားတာ တွေ့လိုက်ရသည်။

" အဲ့ဒါ သားအကိုရဲ့ အခန်းလေ "

" ဪ.. ဟုတ် "

ထို့နောက် ဦးထွန်းရှိန် ဆက်ပြောလာသည်။

Dear's doorTahanan ng mga kuwento. Tumuklas ngayon