၁၆

878 51 3
                                    

Unicode

အိမ်ရွှေ့ပြောင်းသည့်ရက်။

" သက်ဦး လိုက်မပို့လည်းရတယ်ဆိုနေ "

" ဟာ... ဘာလို့လဲဗျာ... "

ချစ်သော အလိုမကျသည့် အသံဖြင့် ပြောလာသည်။

" အကို တက္ကစီ ငှားသွားလို့ ရတယ်လို့ဆို "

သူတို့နှစ်ဦး အိမ်ပေါက်ဝမှာ
လိုက်ပို့မယ် မလိုက်ပို့ရဘူး' လုပ်နေကြလေသည်။
ချစ်သော တစ်ယောက် လိုက်ပို့ရမည်အထင်နှင့် မနက် စောစောစီးစီး ထကာ အတူတူ မနက်စာ စားကြပြီးနောက်မှ လိုက်မပို့ရဘူးဟူ၍ အတော်လေးကို စိတ်အလိုမကျဖြစ်နေလေသည်။

" အိမ်မှာ နားနားနေနေ နေစမ်းပါကွာ
ဘာမှ ကူပေးစရာလည်း မရှိဘူးလေ "

" ဟာ မရဘူး လိုက်ပို့ချင်တယ်လို့
ဘာလို့လဲ ကောင်မလေးနဲ့ အတူနေတာမလို့လား
ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲလို့... ဘာလို့လဲဗျာ "

သူလုပ်နေပုံက စိတ်ရှုပ်စရာကောင်းနေမယ်မှန်း သိပေမယ့် အကို့ကို သူတို့နဲ့ အဝေးမှာနေပြီး သီးခြားဖြစ်သွားမှာကို မလိုချင်ပေ။

" နှစ်ယောက် ရှုပ်တယ်လေကွာ "

ဒိုး ထိုသို့ပြောတော့ ချစ်သော ငြိမ်သွားသည်။

" သက်ဦး... "

" ရတယ် လိုက်မပို့တော့ဘူး သွား...
အိမ်သိသွားရင် ကျွန်တော် အမြဲလာနေမှာစိုးလို့ ဟုတ်တယ်မလား ရပါတယ် သွား သွား သွား! "

" အဲ့တာဆို သွားပြီနော် "

" သွား သွား လိုက်လည်း မပို့ဘူး ဆိုင်လည်း မလာတော့ဘူး "

အကိုက တကယ် သွားတာကြီး။
သူ့ကို လှည့်တောင် မကြည့်ဘူး။

တစ်ပတ်ခန့်ကြာပြီးနောက်။

" ဆရာ ညဘက်ပြန်ရင် ဂရုစိုက်ဦးနော်
ဓားထောက်ပြီး ပစ္စည်းလုတယ်လို့ ကျွန်တော် သတင်းကြားထားလို့ အဲ့လူတွေက မက်စ်တပ်ထားတာကလွဲပြီး ဝတ်စားပုံက လူဆိုးနဲ့တောင် မတူဘူးတဲ့ "

သတိပေးလိုက်တဲ့နေ့ အပြန်လမ်းမှာဘဲ
ဒိုးတစ်ခုခုက မူမမှန်တာကို ခံစားလိုက်မိသည်။
သူ့နောက်ကနေ တစ်ယောက်ယောက်က လိုက်နေသလို ခံစားနေရသည်။ ဘာပဲပြောပြော အန္တရာယ်ပြုခံရမည်စိုး၍ ခြေလှမ်း ခပ်သွက်သွက် လှမ်းပြီး အမြန်ရောက်အောင် ပြန်လာလိုက်ရသည်။

Dear's doorWhere stories live. Discover now