Unicode
ဘေးတွန်း မှန်တံခါးကို ဆွဲဖွင့်ပြီး လေအဝ ရှူလိုက်သည်။ နေရောင်ပျပျက သူ့ပေါ်ကို ကျရောက်နေပြီး
ထိုနေရောင်အောက်မှာ အညိုရောင်မျက်ဝန်းတွေက
ထင်ရှားလို့နေသည်။ တစ်ချက် တစ်ချက် လေတိုးဝှေ့လိုက်တိုင်း ဆံပင်အောက်မှာ ကွယ်ဝှက်နေတဲ့ အမာရွတ်တစ်ဝက်ကလည်း ထင်းကနဲ ပေါ်ထွက်လာတတ်သည်။အချိန်ကား နေ့လည် နှစ်နာရီ။
အိပ်ရေးဝပြီဖြစ်တာကြောင့်
တစ်ခုခုစားဖို့ အောက်ဆင်းလာလိုက်သည်။သူနေခဲ့စဉ်ကအတိုင်း ဘာအထားအသိုမှ
မပြောင်းလဲသွားတာကြောင့် ကိုယ့်ဘာသာ ရှာဖွေပြီး စားချင်တာကို ယူစားလိုက်သည်။
ထို့နောက် ခြံထဲ လမ်းပတ်လျှောက်နေလိုက်သည်။
ပူခြစ်လာတဲ့နေကြောင့် ကြာကြာမနေနိုင်ဘဲ အိမ်ထဲ ပြန်ဝင်မည်အလုပ်မှာဘဲ သူကို ခေါ်တဲ့အသံကို ကြားလိုက်ရသည်။" အကို့...! "
ဒိုး လက်ဖြင့် မျက်လုံးကို ကာပြီး မော့ကြည့်လိုက်သည်။
" နိုးနေပြီလား "
" အွန်း "
" ကျွန်တော် လာခဲ့မယ် "
" အိုခေ... "
လင်္ကာအိမ်ထဲ ပြန်ဝင်လာလိုက်သည်။
" အကို ဘာစားပြီးပြီလဲ "
" ပန်းသီးစိမ်းတစ်လုံး "
" ထမင်းမစားဘူးလား ဟင်းတွေ ရှိတယ်လေ
မတွေ့လို့လား "" ဒီတိုင်း ပန်းသီးစားချင်လို့ "
" ဘာလဲ dietလုပ်နေတာလား "
" ဟဟ..."
သူတို့နှစ်ယောက် စကားပြောရင်း ဧည့်ခန်းထဲ
ဝင်လာလိုက်ကြသည်။" ဟူးးးး ညနေ ဆေးရုံကို ပြန်သွားရဦးမယ်
ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ညဆိုင်းဖြစ်နေတယ်
မနက်ဆိုင်းဆို ကျွန်တော် ခွင့်ယူပြီး အိမ်မှာ နှပ်နေလို့ ရတာကို "" ပင်ပန်းနေတာလား "
" ပင်ပန်းတယ်လို့လည်း မဟုတ်ပါဘူး "
" ဒီတိုင်း အလုပ်မတက်ချင်တာပေါ့ ဟုတ်လား "
" ဟုတ်တယ်ဗျာ၊ ဒါနဲ့ အကိုရော ဘယ်ဆေးရုံမှာလဲ "