Unicode
ခြံကျယ်ကြီးရဲ့ အလယ်မှာ လူနှစ်ယောက် ရပ်နေကြသည်။ သူတို့ဘေးမှာ ဝှီးလ်ချဲတစ်လုံးလည်း ရှိသည်။
" ကုမ္ပဏီမှာ အဆင်ပြေလား "
" ပြေပါတယ် ဖိုး "
ထိုမေးခွန်းအား နေ့တိုင်း ထပ်ခါထပ်ခါ မေးခံနေရပြီး
သူကလည်း နေ့စဉ် အဖြေပြန်ပေးမိသည်။" မောင်ထွန်းရှိန်တည်နဲ့ ဖုန်းပြောဖြစ်တယ်
ညီလေး ပြန်ရောက်နေတယ်ဆို၊ ကြာပြီလား "" တစ်လလောက်တော့ ရှိမယ်ထင်တယ် ဖိုး
သားလည်း သေချာမသိဘူး "" မင်းကို မဆက်သွယ်ဘူးလား "
ဒေး ခေါင်းခါလိုက်သည်။
" သား မနေ့ကတော့ သွားတွေ့လိုက်တယ် "
" ဟုတ်သလား ကြည်ကြည်ဖြူဖြူပဲလား "
ဦးမင်းမြိုးမြက် ဒေးမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောသည်။
" စိတ်ဆိုးနေတုန်းပဲလား "
" ဟုတ်တယ်... "
" ပြောပြလိုက်လေ အကုန် "
မြေးဖြစ်သူမျက်နှာကို ထပ်အကဲခတ်ပြန်သည်။
" လျှို့ဝှက်ထားသင့်တဲ့ ကိစ္စမှ မဟုတ်တာ ဒေး "
" ဒါပေမယ့် သားကြောက်တယ် "
" ဘာကိုလဲ "
" လက်မခံနိုင်မှာ...အမှန်တရားကို လက်မခံနိုင်မှာကို... "
" မင်းတို့ ဒီနှစ်ဆို အသက်ဘယ်လောက်လဲ "
" နှစ်ဆယ့်ရှစ် "
" အွန်း လူကြီးတစ်ယောက်ရဲ့ အသက်အရွယ်ရောက်နေပြီ ဟုတ်တယ်မလား "
" ဟုတ် ဖိုး "
" ဒေးကရော ကိုယ့်ကိုယ်ကို လူကြီးလို့ သတ်မှတ်ထားပြီးပြီလား "
" ဟုတ် "
" သေချာလား "
" သေချာပါတယ် ဖိုး "
" ဒါဆို ဖိုးကို ပြောပါဦး
လူကြီးဖြစ်လာရခြင်းရဲ့ အဓိပ္ပာယ်ကို "" လူကြီးတစ်ယောက်ဖြစ်လာတယ်ဆိုတာ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်လာနိုင်ပြီဆိုတဲ့ သဘောပဲ၊ ဘာကိုမှ မကြောက်ရွံ့ဘဲ အရာရာကို ရင်ဆိုင်ရဲရမယ် "