၁၁

713 53 4
                                    

Unicode

ဒိုးအပြင်မှာ ရှိနေတာ တစ်နာရီကျော်ပြီ။
ဘယ်ကိုမှ သွားစရာ မရှိဘဲ ရင်းနှီးနေတဲ့ ရပ်ကွက်ရဲ့ 
လမ်းတွေထက်ကိုသာ လျှောက်သွားနေမိတယ်။

အန်ကယ် ဘာကို စိတ်ဆိုးသွားသလဲ။
သူ့အပေါ်မှာ မျှော်လင့်ချက် အကြီးကြီးထားခဲ့တာကို
ပျက်စီးအောင် လုပ်လိုက်မိလို့လား။
ဒါမှမဟုတ် သူ့အပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငွေတွေကို
ခဏလေးနဲ့ ဘာအကျိုးအမြတ်မှ မဖြစ်လာ‌တော့မယ့်
အခြေအနေအဖြစ် ပြောင်းလိုက်မိလို့လား။
သေချာတာတော့ သူ့အပေါ် စိတ်ပျက်သွားသည်ဆိုတာပင်။

" အဲ့ကောင်လေးက မဟုတ်တော့ဘူးကွ "

အလုပ်ခရီးကနေ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သားနဲ့ စကားတွေ အများကြီး ဖောင်ဖွဲ့ပြောရမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပြန်လာခဲ့ပေမယ့် တကယ်တမ်း စကားလက်ဆုံကျမိချိန်မှာ‌တော့ ဒိုးရဲ့စကားတွေကြောင့် ဦးထွန်းရှိန်တစ်ယောက် သွေးဆောင့်တက်တော့မတတ်ပင်။

ဒိုးကတော့ အချေအတင်ဖြစ်ချင်‌နေသည့် စကားဝိုင်းကနေ အကင်းပါးစွာ အမြန် ရှောင်ထွက်သွားလေရဲ့။

" စိတ်အေးအေးထားပါ ကိုထွန်းရှိန်ရယ် "

" ‌စိတ်အေးအေးထားလို့ မရဘူး သင်းသင်းရ 
အဲ့လိုမှန်းသိရင် ကိုယ်သူ့ကို ဒီပြန်လာခွင့် မပြုခဲ့ပါဘူး "

" အကိုရယ် သူမှ ဆက်မလုပ်ချင်တော့တာ 
သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ဝင်မစွက်ဖက်ပါနဲ့ "

" သင်းသင်းရယ် ကိုယ် ဝင်စွက်ဖက်မှ ဖြစ်မှာပေါ့
အဲ့ကလေးက ကိုယ့်လက်နဲ့ ပျိုးထောင်ပြီး ကိုယ့်လက်ထဲမှာ ကြီးပြင်းလာတဲ့ ကလေးကွ  "

" အခု သူဘာပြောလို့လဲ အကိုရယ်
တခြား ဘာအလုပ်မှ ဆက်မလုပ်တော့ဘူးတဲ့လား "

" စီးပွားရေးအသေးလေးတစ်ခုလုပ်မယ်တဲ့ 
ဖြစ်သင့်လား သင်းသင်းရယ်၊ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ အချိန်တွေကိုမှ အားမနာ...မတော်ရှိ အဲ့စီးပွားရေးက မဖြစ်ထွန်းခဲ့ရင် ဘယ်လိုလုပ်မလဲ၊ တည်မြဲမယ့် အနာဂတ်ရှိနေတဲ့ အလုပ်ကိုဘဲ သူအရေးပေးလိုက်လို့မရဘူးလား  "

Dear's doorWhere stories live. Discover now