Part-1

9.8K 325 1
                                    

(Unicode)🥟

သာယာလှတဲ့ နယ်လေးတစ်နေရာက ကံသာယာရွာဆိုသည့်ရွာကလေးဟာ စပါး၊ နှမ်း၊ မြေပဲ အထွက်တိုးကာ ရွာနာမည်အတိုင်း သာသာယာယာရှိလေသည်။ရွာကို ဉီးစီးတဲ့ သူကြီးကလည်း အရည်အချင်းရှိပြီး ရိုးသားတဲ့ လူဖြစ်တာမို့ ရွာသူရွာသားများကလည်း ထစ်ခနဲဆိုတာနဲ့ သူတို့၏ရွာသူကြီးဖြစ်သူ ဉီးငြိမ့်မောင်ဆီကိုပြေးကြသည်။
သာရေး၊ နာရေး အကြောင်းပေါင်းစုံကို ရွာသူကြီးက တစ်နေရာမှ မလစ်ဟင်းစေရန် စီမံပေးသည်မို့ တစ်ရွာလုံးကလဲ ရွာသူကြီး ကိုချစ်ကြသည်။

သူ၏ဇနီး ဒေါ်နှောင်းစိန်ကလဲ သူကြီးကတော်ဆိုပြီးတော့ ဘ၀င့်မမြင့်ဘဲ တစ်ရွာလုံးနှင့် ဖော်ဖော်ရွေရွေရှိသည်။ဇနီးဖြစ်သူသည်လည်း တစ်ရွာလုံးနှင့် ဆက်ဆံရေးတွင် ကောင်းကောင်းမွန်မွန်ရှိသည်မို့ ယောကျာ်းဖြစ်သူ ရွာသူကြီးဉီးငြိမ့်မောင်အတွက် အထောက်အကူဖြစ်လှသည်။

ဉီးငြိမ့်မောင်နှင့်ဒေါ်နှောင်းစိန်၏ တစ်ဉီးတည်းသောသားလေးဖြစ်သူ မောင်နှောင်းငြိမ့်မြူသည်လည်း ငါဟဲ့ သူကြီးသားဆိုပြီး အာဏာပြတာမျိုးမရှိသလို ရွာထဲရှိကလေးသူငယ်အားလုံး၏ကစားဖော် ကစားဖက်လည်းဖြစ်သည်။

သားဖြစ်သူက မိန်းကလေးနှင့် အထင်မှားလောက်အောင်ကို လှသည်မို့ ရွာထဲက ပျိုတိုင်းကြိုက်သလိုကာလသားတော်တော်များများကပါ နှောင်းငြိမ့်မြူကို အသေရရ အရှင်ရရဆိုပြီး ချစ်ကြိုက်နေကြသည့်ယောကျာ်းသားများပါရှိသည်။
ထိုကလေးကတော့ ဘယ်သူ့ကိုမှ ရှိသည်ဟုမမှတ်ကာ သူအဖဖြစ်သူနဲ့ သူ့အမိဖြစ်သူကိုသာ ဂရုစိုက်ပြီး၊ သူ၏ငယ်သူငယ်ချင်း ၂ယောက်ဖြင့် ရွာထဲက ကလေးများအား ဟိုဘက်ပိုင်း ချိန်းဆော့ ဒီဘက်ပိုင်း ချိန်းဆော့၍သာ ဘ၀ကိုဖြစ်သန်းနေသည်။

"နှောင်းငြိမ့်ရေ..."

"ဟျောင့် နှောင်းငြိမ့်။မင်းဘယ်မှာလဲ နှောင်းငြိမ့်!"

ဖိုးလရောင်နှင့် ခွန်းဇာနည် တို့၂ယောက် ငြိမ့်အား ကလေးတွေနှင့် သရေကွင်းသွားပစ်ရန် လာခေါ်ခြင်းဖြစ်သည်။သူ့အိမ်ရောက်တော့ အရီးလေးနှောင်းစိန်က အိမ်နောက်မှာလို့ပြောလို့ လာကြည့်တော့ မတွေ့။

My Possessive LovelyWhere stories live. Discover now