(Unicode)🥟
ဒီနေ့ ပထမဆုံးကောလိပ်တတ်တဲ့ နေ့ကတော့ ကောင်းကောင်းပြီးသွားခဲ့ပါပြီ။
"နှောင်းငြိမ့်!"
"အမလေး!ဘုရားကြီးကြွ!"
အနောက်ကနေ ပုခုံးကို ဆတ်ခနဲ လှမ်းကိုင်ခံလိုက်ရတာမို့ ငြိမ့်လန့်ဖြန့်သွားသည်။
"ဘာတွေ လန့်နေတာလဲ။ကိုယ်ပါ"
လှည့်ကြည့်လိုက်တော့ ကမ္ဘာထွဋ်ခေါင်ဖြစ်နေသည်။
"မင်းက လန့်အောင် လုပ်တာကို"
ငြိမ့် ခပ်အေးအေး ပြန်ပြောလိုက်သည်။
"အွင်း....ကိုယ်မရည်ရွယ်ပါဖူး။...ဒါနဲ့ အိမ်ပြန်တော့မှာမလား"
"အင်း...ပြန်တော့မှာ"
"ဒါဆို ကိုယ်နဲ့ အတူပြန်မယ်လေ။ကိုယ်ဆိုင်ကယ်ပါတယ်"
"ဟမ်...."
"နော် နော် နော်။ကိုယ်နဲ့ အတူပြန်မယ်နော်"
ရုပ်ကြမ်းကြီးဖြင့် ငြိမ့်မျက်နှာ အနားကပ်လာကာ ချစ်စရာကောင်းအောက် လုပ်နေသော သကောင်သားကြောင့် ငြိမ့် ရယ်ချင်လာသည်။
"နှောင်းငြိမ့်မြူ!"
သြရှရှ အသံလာရာကို ငြိမ့်လှည့်ကြည့်လိုက်သည်။
"ပြန်မယ်"
"........"
အကိုက ငြိမ့်အနားကို လျှောက်လာကာ ငြိမ့်လက်ကိုဆွဲပြီး သူ့ကားရှိရာသို့ ခေါ်သွားသည်။ရုတ်တရက်မို့ ငြိမ့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားကာ အကို့နောက်သို့ ယှက်ကန် ယှက်ကန်ဖြင့် ပါသွားရင်း ကမ္ဘာ့ကိုလှည့်ကြည့်လိုက်တော့ ကမ္ဘာ့မျက်နှာမှာ အံ့သြမှု့နှင့် တည်တင်းနေသည်။
"၀င်"
အကိုက ကားတံခါးကို ဖွင့်ပေးရင်းဆိုသည်။
"ဟို....အကို...ခဗျား ဘယ်လိုရောက်လာတာလဲ"
မပြောမဆို ငြိမ့်ဆီသို့ ရောက်လာတာမို့ သိချင်စိတ်နဲ့ မေးလိုက်သည်။
ဦးလေး လာကြိုခိုင်းလို့ လာကြိုတယ်ဆိုရင်တောင် ငြိမ့်ပျော်ပါသည်။"မင်းကို စိတ်မချလို့ လာကြိုတာလေ!"
"ဗျာ....."
YOU ARE READING
My Possessive Lovely