(Unicode)🥟
Meeting roomထဲ၌ တိတ်ဆိတ်နေကာ စိမ်းသက်သက်လေစိမ်း များတိုက်ခတ်နေသလိုပင်။
အသက်အလတ်ပိုင်းအရွယ်ရှိ ယောကျာ်း၅ယောက်မှာ စားပွဲရှည်၏ ထိပ်တွင်ထိုင်နေသည့်လူကို မည်သူမျှ မော်မကြည့်ရဲကြကာ နဖူးတွင်ချွေးစေးများပင် ပြန်နေကြ၏။
"ပြော.....ငါ့ကုမ္ပဏီမှာ spyလုပ်နေတာ ဘယ်သူလဲ!"
အော်သံသြသြကြောင့် ထိုလူတို့နှင့်အတူ ဘေးရှိ လင်းရွှေရောင်သွေးမှာပင် လန့်သွားရသည်။
ကျစ်!
"မင်းတို့ဘာသာ ၀န်ခံရင်....အပြစ်လျော့မယ်၊ အေး အဲ့လိုမဟုတ်ဘဲ ငါကိုယ်တိုင်ပြောလို့ ဘယ်သူမှန်းသိရရင်....."
အဟက်!
"ကိုယ့်ဘ၀ ကိုယ် နောင်ဘ၀လူပြန်ဖြစ်ရအောင် ဆုသာတောင်းတော့"
ပကတိတည်ငြိမ်နေသည့်မျက်နှာ၊ လေသံခပ်အေးအေးနှင့် တိတ်ဆိတ်နေသည့် လေထုကိုဖြိုခွင်းကာ စားပွဲကိုလက်ဖြင့်တောက်နေသည့် တတောက်တောက်အသံက အခန်းထဲရှိ လူအားလုံးကို ကျောချမ်းစေသည်။
"........"
မည်သူမှ အဖြေစကားမပြုကြပါ။
ထိုကြောင့်"ကောင်းပြီ....ဟိုးထောင့်မှာ ထိုင်နေတဲ့ လူကလွဲပြီး အကုန်ထွက်သွားကြ!"
စားပွဲအနောက်ဆုံးထောင့်တွင် ထိုင်နေသည့် လူကို လက်ညိုးထိုးကာပြောသည်။
ထိုစကားအဆုံး ကျန်လူ၄ယောက်မှာ ခပ်သုတ်သုတ်ပင် ထွက်သွားကြသည်။
ကျန်ခဲ့တဲ့ လူမှာတော့ သိသိသာသာကိုပင် မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။"........"
တော်၀င် တိတ်နေကာ ခနကြာတော့ ထိုလူက တော်၀င်ခြေထောက်နားနှင့် ဒူးပြေးထောက်ကာ
"ဟို.....ကျွန်....ကျွန်တော်က ခိုင်းလို့လုပ်ပေးရုံပါ!!"
"ဟုတ်ပြီ"
တော်၀င် ပီတီတီ မျက်နှာပေးဖြင့် ရီသံစွတ်ကာ ပြောလိုက်သည်။
"ကျွန်တော့်ကို ဘာမှမလုပ်ပါနဲ့နော်! ကျွန်တော့မှာ....မိသားစုရှိသေးလို့ပါ!"
YOU ARE READING
My Possessive Lovely