(Unicode)🥟
မနက်ဖြန်သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ကာ တော်ဝင်တို့အလှုလုပ်မည့်နေ့သည်လည်းဖြစ်သည်။ယနေ့သည် အလုပ်အကိုင်နေ့ဖြစ်သည်မို့ ရွာဉီးကျောင်းမှာ ရွာသူရွာသားများစုဝေးကာ စည်းလုံးပျော်ရွှင်စွာ မနက်ဖန်အလှုနေ့အတွက် ဝိုင်းကူနေကြသည်။ဉီးတော်ဝင်မောင်သည်လည်း ဒီရွာသားဖြစ်ခဲ့ဖူးတာကြောင့် လူကြီးတော်တော် များများနှင့် ပြောစရာမလို တော်ဝင်မောင်ဆိုတာနှင့် ခင်ကြ၊ သိကြသူတွေမှာ လက်ချိုး၍ပင်မရည်နိုင်။
"လုံးတင်...ငါ့ကို ဟိုဟာလေးယူပေးပါအုံး"
ငြိမ့် လုံးတင်အား ကြက်သွန်လှီးနေသည့် စားပွဲဝိုင်းပေါ်မှ ဓားကို လက်ညိုးထိုးပြကာ ယူခိုင်းလိုက်သည်။
"ရော့....အော် ဟဲ့!နင်လှီးရောလှီးတတ်လို့လား!"
"ဟဲ့လုံးတင် မလှီးတတ်စရာလား ကြက်သွန်လေးများ။အီးပေါက်တာလောက်တောင် မခက်ဖူး"
"ဒီကောင်ကတော့!တော်ကြာ လက်ထိနေလို့"
"နင့်ကို ဘယ်သူမှ စိတ်မပူခိုင်းဖူး။လုပ်စရာရှိတာသာလုပ်"
လုံးတင်(ခေါ်)အိမေအောင် သည် လရောင်နှင့် ဇာခြည်တို့လောက် မခင်ပေမဲ့ သူမသည် ငြိမ့်၏ကျောင်းနေဘက် သူငယ်ချင်းဖြစ်ကာ ငြိမ့်အပေါ်အလွန်ကောင်းပြီး သည်းခံပေးသည်။ငယ်သူငယ်ချင်းတွေဖစ်တာမို့ ပြောမနာ၊ ဆိုမနာ လိုဖြစ်နေပြီပင်။
"ဒီကောင်ကတော့...ပြီးရော!"
ဒုက်! ဒုက်! ဒုက်!
အာ့!
"ဟဲ့ ဟဲ့!နှောင်းငြိမ့်!ငါပြောနေတဲ့ ကြားက နင်ကတော့!"
ငြိမ့်လှီးနေရင်း ကြက်သွန်အထပ်တစ်ခုက ချော်ကာထွက်သွားသည်မို့ ငြိမ့်လက်ညိုးလေးအား ဓားထိသွားရသည်။
"ရ...ရတယ်။ငါ လက်သွားဆေးလိုက်ဉီးမယ်"
"နှောင်းငြိမ့် နင်အဆင်ပြေရဲ့လား!"
"အင်း"
ငြိမ့် ကြက်သွန်လှီးသည့် နေရာမှထကာ လက်ဆေးရန် ရေကန်ဆီသွားလိုက်သည်။
ဟာ...!
"နှောင်းငြိမ့်မြူ!!"
ငြိမ့်သွားနေတုန်း ခေါင်းထဲမိုက်ခနဲဖြစ်ကာ ယိုင်ထွက်သွားသော်လည်း ခပ်ကျယ်ကျယ် ရင်ဘတ်ထဲသို့ကာ ငြိမ့်ကိုယ်လုံးလေး အံ့ဝင်သွားခဲ့သည်။
ငြိမ့်သည် ငယ်စဉ်တည်းက သွေးကြောက်တတ်သည်မို့ လက်ညိုးမှထွက်သည့် သွေးကိုမြင်ကတည်းက ခေါင်းထဲ တရိပ့်ရိပ့်ဖြစ်နေခဲ့တာဖြစ်သည်။တဖြည်းဖြည်း သွေးကပိုထွက်လာသည်မို့ ငြိမ့်လန့်ကာ လှဲမလိုဖြစ်သွားရခြင်းဖြစ်သည်။
YOU ARE READING
My Possessive Lovely