Episode 21 [Unicode/Zawgyi]

589 32 1
                                    

Unicode

"စိုင်းရေ ငါ့ကိုလေ တစ်ခုလောက် ကူညီပါလား"

"ပြောလေ"

မိုးဦးကြွေမှာ စိုင်းစက္ကဆိုင်း၏ ကြင်နာဟန်ရှိသည့် မျက်နှာချောချောလေးကို ကြည့်ရင်း အနည်းငယ် ခံစားသွားရသည်။ သူမ ပေါင်းသည့် ယောကျာ်းလေးများတွင် ရောင်မင်းခန့်က အရူး၊ ဘုန်းဗညားဟန်က ဘဝင်လေဟပ်၊ လှိုင်းခတ်သံက ရေခဲတုံး။
ဤစိုင်းစက္ကဆိုင်းကသာ ပေါင်းလို့သင်းလို့ အဆင်ပြေပေသည်။ လူတိုင်းကို အပြုံးချိုချိုလေးဖြင့် နူးညံ့စွာ ဆက်ဆံတတ်သည့် စိုင်းစက္ကဆိုင်းသည် သူနှင့် မျက်နှာချင်းဆိုင်လိုက်လျှင် လူကို သက်တောင့်သက်သာဖြစ်စေလေသည်။

မိုးဦးကြွေမှာ စိုင်း၏ သိပ်မွေ့သော်လည်း မိန်းမဆန်သည်ဟု မဆိုနိုင်သော ‌တည်ကြည်လှသည့် မျက်နှာကိုကြည့်ပြီး သက်ပြင်းတစ်ခုချလိုက်မိသည်။ 

"လှိုင်းခတ်သံကို မိဘတွေ့ဆုံပွဲမှာ အင်္ဂလိပ်တင်ဆက်သူလုပ်ခိုင်းဖို့ ကူပြောပေးပါလား"

စိုင်းမှာ အနည်းငယ် တန့်သွားသော်လည်း ပြန်ဖြေလာသည်။

"သူမလုပ်ချင်ရင် ငါလည်း အတင်းလုပ်ခိုင်းလို့ မရဘူးလေ"

"နင်ပါ ကူပြောပေးရင် ရပါတယ် လုပ်ပါနော်"

စိုင်းစက္ကဆိုင်းမှာလည်း အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ခေါင်းငြိမ့်လာသည်။ 
"ဟုတ်ပြီလေ ငါ ကူပြောပေးပါ့မယ်"

"ကျေးဇူးပါ"

မိုးဦးကြွေမှာ မနေနိုင်ဘဲ စိုင်းစက္ကဆိုင်း၏ ပါးများကို ဆွဲညစ်လိုက်သည်။
ယောကျာ်းလေးတစ်ယောက်က ဒီလောက် အသားဖြူစရာလိုလို့လား...
ပြီးတော့ အသားအရေကလည်း နူးညံ့နေတာပဲ...

စိုင်းစက္ကဆိုင်းမှာတော့ မိုးဦးကြွေကြောင့် မျက်လုံးပင် ပြူးသွားသည်။ ဒီမိန်းကလေးနှယ် ယောကျာ်းမိန်းမကြားက စည်းကို နည်းနည်းပါးပါးတော့ သတိပြုပါဦးဟ။

မိုးဦးကြွေမှာ အနည်းငယ် လွန်သွားမှန်း သတိပြုမိတာကြောင့် လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
သို့သော် အတင်းဆွဲညစ်ထားတာကြောင့် စိုင်းစက္ကဆိုင်း၏ ပါးတစ်ဖက်မှာ ရဲတွတ်သွားသည်။ အသားဖြူသည်ကြောင့် ပို၍ပင် ထင်ရှားနေတော့သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now