Episode 41

507 34 0
                                    

"ငါက နင်မအားဘူးထင်လို့ မခေါ်တာပါ"

မိုးဦးကြွေ၏ ချွဲသလိုလို ဘာလိုလိုနှင့် စကားက စိုင်းနားထဲမှတော့ သံရည်ပူတွေလောင်းထည့်နေသလို စိတ်ပျက်စရာပင်။
သူ ခပ်တည်တည်ပင်

"မသိပါဘူး.. ငါက မင်းတို့များ ငါ့ကို သူငယ်ချင်းစာရင်း မသွင်းတော့တာလားလို့"

"မဟုတ်ရပါဘူးရှင်"

"ထားပါ..ဒါနဲ့ BOAT က ဘာလဲ.. ရွက်လှေလား"

မိုးဦးကြေမှာ စိတ်လေလွန်း၍ တိုင်နှင့် ခေါင်းနဲ့ပင် ဆောင့်ချင်သော်လည်း ပုံမှန်အတိုင်း လေသံကို လျှော့ကာ ရှင်းပြလိုက်သည်။ ဒီအကောင်စိတ်ဆိုးရင် သူမ အရိုးတခြား အသားတခြား ဖြစ်သွားလိမ့်မည်။
"နင် GOAT ကို သိတယ်မလား"

"ဆိတ်လား"

မိုးဦးကြွေမှာ နင်သွားသည်။
"နင် ဘောလုံးပွဲတွေဘာတွေ မကြည့်ဘူးလား"

"ကြည့်ဖို့မှ အချိန်မရှိတာ"

"အေးပါ... GOAT ဆိုတာက Greatest Of All Time ရဲ့ အတိုကောက်.. BOAT ဆိုတော့ Best Of All Time ပေါ့ဟ"

"ဪ.."
စိုင်းမှာ စိတ်ရှုပ်ထွေးသွားသော်လည်း ထိုကိစ္စကို ဆက်မမေးဖြစ်တော့။ သူ စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့်

"ဟိုသရုပ်ဆောင်ကို ခွဲရမဲ့ကိစ္စက.."

ထိုစကားကြားသည်နှင့် မိုးဦးကြွေမျက်နှာက မည်းမှောင်လာသည်။
"အဲ့မိန်းမက တစ်ခုခုတော့ တစ်ခုခုပဲ.. ဘုန်းဗညားဟန်နဲ့လည်း ဘာလိုလို ညာလိလိုဆိုပြီး attention ရှာနေတာ"

ဘုန်းဗညားဟန်က အနုပညာရှင် မဟုတ်သော်လည်း နောက်ခံအသိုင်းအဝိုင်းကြောင့် အတော်လေး အာရုံစိုက်ခံရသည်။ ဘဏ္ဍာရေးဝန်ကြီးဦးဗညားဟန်နှင့်တရားသူကြီး ဒေါက်တာမြပျိုဖြူ၏ တစ်ဦးတည်းသောသား၊ ဦးလေးနှစ်‌ယောက်မှ တစ်ယောက်က ပြည်ထဲရေး၊ နောက်တစ်ယောက်က ပညာရေးဌာနက ဒုဝန်ကြီး၊ အဒေါ်နှစ်ယောက်မှာ တစ်ယောက်က လွှတ်တော်အမတ်၊ တစ်ယောက်က တက္ကသိုလ်ရှိ ဆေးဘက်ဆိုင်ရာ ပါ‌‌မောက္ခ။
စိုင်းပင်လျှင် ဆေးကျောင်းတုန်းက ထိုပါမောက္ခနှင့် ဆွေးနွေးရေးတစ်ခု လုပ်ခဲ့ရသေးသည်။ အတော်လေးကို ရည်မွန်ပြီး အရည်အချင်းရှိလှသည်။ ယခုအချိန်ထိကို ပါမောက္ခနှင့် အဆက်အသွယ်ရှိသေးသည်။
ပြည်သူလူထုအနေနဲ့တော့ ဘုန်းဗညားဟန်၏ နောက်ခံအပြည့်အစုံကို မသိဘဲ ဘဏ္ဍာရေးဝန်ကြီးသားဆိုသည်ကိုသာ သိပေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now