Episode 30 [Unicode/Zawgyi]

609 38 4
                                    

"ပီ....."

ကျယ်လောင်လှသည့် ဝီစီမှုတ်သံနှင့်အတူ ဘောလုံးပွဲများမှာ တရားဝင်စတင်ချေပြီ။
ပထမပွဲစဉ်တွင် အနော်ရထာနှင့် ကျန်စစ်သား ကန်ရမည်ဖြစ်၍ ကျန်စစ်သားအသင်းဖြစ်သည့် လှိုင်းခတ်သံတို့မှာ ဦးဦးဖျားဖျား ကစားလိုက်ရသည်။

ပွဲကြည့်ကျောင်းသားအုပ်ကြီးမှာလည်း ဘောလုံးကွင်းပင် တိုးကြိတ်နေရသည်အထိပင်။ စိုင်းမှာ ဘောလုံးကွင်းကိုလည်း ရှင်းရှင်းလင်းလင်းမြင်ရပြီး လှိုင်းခတ်သံ သူ့ကို မမြင်နိုင်မည့်နေရာတစ်ခုတွင် လူအုပ်နှင့် ရောနေလိုက်သည်။

'ဖုန်း'

ပွဲချိန်အစတွင်ပင် လှိုင်းခတ်သံက ဂိုး တစ်ဂိုးသွင်းလိုက်ပေသည်။ ပွဲကြည့်သူတို့မှာ အကုန်လုံးပင် တိတ်ဆိတ်သွားသော်လည်း မကြာမီပင် ရယ်သံများနှင့် ပြည့်နှက်သွားသည်။

"အစ်ကိုရေ ဂိုးသွင်းပေါက် မှားနေပြီဗျို့"

"အစ်ကို ဟိုဘက်အသင်းက ခေါက်ဆွဲများစားထားသလား"

(Author Note- ဘောလုံးပွဲတွေမှာ ခေါက်ဆွဲစားတယ်ဆိုတာ သူများအသင်းကနေ လာဘ်စားပြီး ကိုယ့်ဂိုးကိုယ် ပြန်သွင်းတာကို ပြောတာပါ)

"အရင်နှစ်က ကိုယ့်ဂိုးကိုယ်များ သွင်းပြီး ဖလားရလာသလားဗျ"

ကွင်းထဲရှိ လှိုင်းခတ်သံမှာတော့ ထိုစကားများကို မကြားသည့်အလားပင်။
အသင်းသားများမှာတော့ လှိုင်းခတ်သံကို ဆွဲထိုးပစ်ချင်သည်မှာ လက်များပင် ယားနေသော်လည်း တကယ်တမ်းလည်း သွားမထိုးရဲ‌ကြပေ။

"Sorry ခြေချော်သွားလို့"

အသင်းသားများမှာ အတင်းညှစ်ပြုံးကာ ထိုအခြေအနေကို လက်ခံလိုက်ကြရတော့သည်။
'ဘယ်ခြေထောက်ကများ ချော်ပြီး ကိုယ့်ဂိုးကို ပြန်သွင်းမှာလဲ အရူးကောင်ရဲ့'

စိုင်းမှာတော့ သက်ပြင်းချလိုက်ရင်း မုန့်ဈေးတန်းကနေ ရေသန့်ဘူးတစ်ဘူး သွားဝယ်လိုက်ရတော့သည်။
လှိုင်းခတ်သံ ဘယ်လောက်အရွဲ့တိုက်တတ်သလဲဆိုတာ သူ မေ့နေတာပဲ။

သူ ကျန်းမာရေးအသင်းတွင် တာဝန်ကျသည့် ရောင်မင်းခန့်ဘေးနားတွင် ရေဘူးကိုကိုင်ထားရင်း သွားရပ်နေလိုက်သည်။ လှိုင်းခတ်သံမှာတော့ သူ့လက်ထဲရှိ ရေသန့်ဘူးကို မြင်သည်နှင့် မျက်နှာက ပြေလျော့လာသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now