Episode 38

647 30 1
                                    

"အားလုံးပဲ စိတ်ကိုငြိမ်ငြိမ်ထားကြ.. ပုံမှန်လပတ်စာမေးပွဲတွေလို့ပဲ တွေးပြီးဖြေကြ"

ကျောင်းဝန်းထဲမဝင်မီ ဆရာမက စိုးရိမ်စွာပြောလာသော်လည်း ကျောင်းသားတွေမှာ အရမ်းကြီး စိတ်လှုပ်ရှားနေခြင်းမရှိပေ။ နည်းနည်းလေးသာ ရင်ခုန်နေခြင်းပင်။
အမှန်တော့ ဆရာမတွေကသာ ပိုပြီးစိတ်လှုပ်ရှားနေသလားလို့....

တစ်ရက်စီမှာဖြေဆိုရသည့် ဘာသာရပ်တိုင်းကို အတတ်နိုင်ဆုံးဖြေဆိုကာ ကျောင်းသားတိုင်းမှာ အနည်းငယ်သော စိတ်ပူမှုတို့ကို ရင်ဝယ်ပိုက်ရင်း နောက်ဆုံးဘာသာရပ်ကို ဖြေဆိုပြီးကြချိန်၌ ဘဝ၏လွတ်လပ်မှုဆိုသည်ကို ခံစားလိုက်ကြရသည်။

ထိုအချိန်၌ အဖြေပြန်တိုက်ဖို့ဆိုသည့်အတွေးမှာလည်း မရှိတော့။
စာမေးပွဲတောင်ပြီးသွားပြီ.. ပြောင်းလို့လဲရတော့တာလည်းမဟုတ်ဘူး...
အဖြေပြန်တိုက်ရင် ပိုပြီးစိတ်ဆင်းရဲဖို့ပဲ ရှိလိမ့်မယ်...
အခုချိန်မှာ အဖြေပြန်တိုက်တဲ့သူကတော့ အရူးပဲ...

ကျောင်းသားအားလုံးနီးပါး ထိုသို့တွေးပါသော်လည်း အရူးတစ်ယောက်ကတော့ ရှိနေဆဲပင်။

ဘုန်းဗညားဟန်မှာ အဖြေပြန်တိုက်နေရင်း ထိုထဲမှ ၁ မှတ်တန်နှစ်ပုဒ် မှားမှန်းသိပြီးသွားချိန်တွင်တော့ လက်ဖဝါးများပင် တုန်လာရသည်။
သူ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း စိတ်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေရသည်။

လာကြိုသည့်ကားရောက်လာချိန်တွင်တော့ ဘုန်းဗညားဟန်မှာ စိတ်ငြိမ်ဟန်ဆောင်လိုက်ရင်း ကားပေါ်တက်ဖို့ ပြင်လိုက်ချိန်၌ အံ့ဩဖို့ကောင်းစွာဖြင့် ကားရှေ့ခန်းတွင် သူ့အမေရှိနေကာ နောက်ခန်းတွင် သူ့အဖေနှင့် အဘိုးဖြစ်သူက ရှိနေသည်။ ထို့နောက်

"သား.. အမေတို့ မင်းကို တစ်နေရာ ခေါ်သွားပေးမယ်"
.
.
*********

"လေက လက်ဆတ်လိုက်တာကွာ.. တိမ်တိုက်တွေရဲ့ လှပမှုကလည်း ဒီနေ့မှ ပိုပြီး မျက်စိပသာဒဖြစ်နေလိုက်တာ ကျေးငှက်လေးတွေရဲ့ မြည်တွန်သံကလည်း နားထဲကို ပျားရည်သကာရည်အတိုင်းပါလားကွာ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now