ဂျီမင် ဖြတ်သန်းနေကြ နေ့စဉ်ဘဝဟာ သိပ်ကိုရိုးရှင်းပါတယ်။ မနက်၆နာရီမှာ ကမန်းကတန်းထပြီး ရုံးသွားဖို့ပြင်ဆင်တယ်။ ဂျီ မင်ပြင်ဆင်ပြီးတိုင်း အမြဲ ၈နာရီထိုးလို့ ကမန်းကတန်း အမေပြင် ပေးသော မနက်စာ ပါမုန့်နှစ်ချပ်ကိုဆွဲယူပြီး busထံပြေးရသည်။ ထို့နောက် ၈ခွဲ၌ ရုံးကိုပုံမှန်ရောက်ပါသည်။ ရုံးဆင်းရင် ပြန်လာ တယ်။ အိမ်ရောက်ရင် အနားယူရင်း သူ့အကောင့်လေးကို ဝင်ကြည့် မိပါသည်။
"ချောလိုက်လေစွ"
Instagram တွင် တင်ထားသော crush ၏ ပုံလေးများ အား saveသည်။ ပြီးရင် ဖုန်းမျက်နှာပြင်ကို တဖွဖွဖိနမ်းပါသေး သည်။ တစ်ပတ်တစ်ခါ ပုံတင်တတ်သော crush၏ ပုံတွေထဲမှ အချောဆုံးပုံတွေအား wallpaper ထားပါသည်။ တစ်ချို့တွေ က idolကို စွဲလန်းကြတယ်။ အရူးအမူးကြိုက်ကြတယ်။ ဂျီမင် ကတော့ idol မဟုတ်တဲ့လူတစ်ယောက်ကို အရူးအမူးကြိုက်နေမိ တာ..။ သူကတော့ ဂျီမင့်ကိုသိမှာတောင်မဟုတ်ဘူး။
သူ့နာမည်က Kim Taehyung...။ မိဘတွေက energy drink နဲ့ instant noodle ကုမ္မဏီပိုင်ရှင်တွေဖြစ်ပြီး Taehyung ကတော့ ရွှေပေါ်မြတင် ရွှေမှုန်စားဖွားသည့် Alphaတစ်ယောက်ဖြစ်သည်။ အခုလောလောဆယ်တော့ Taehyung က မွေးအဖေ ဖြစ်သူရဲ့ Instant noodle ကုမ္မဏီမှာ MD အဖြစ်လုပ်ကိုင်နေပြီး အားလပ်ချိန်တွေမှာတော့ Vlogger အဖြစ်နေထိုင်လေ့ရှိတယ်။
ဒါ့ကြောင့်လည်း Taehyung က လူကြိုက်အများဆုံး Instagram starတစ်ယောက်ဖြစ်နေတာပေါ့။ တစ်နိုင် ငံလုံးမှာ ပထမဆုံး Followers 20M ကျော်သည့် ပထမဆုံးVlogger တစ်ယောက်ဆိုလည်း မမှားဘူး။ရူပါကလည်းရူးလောက် စရာဖြစ်ပြီး ရေကလည်းလျှံသည်။ နေရာတိုင်း Taehyung fanတွေရှိသည်။ ဂျီမင်က ထိုfanများထဲမှ တစ် ယောက်ပေါ့။
အဲ့လို အရာရာပြီးပြည့်စုံနေတဲ့ Taehyung မှာ မကောင်းတဲ့ အကျင့်လေးကတော့ ရှိသည်။ ထိုအကျင့်ကတော့ ရည်းစားထည်လဲ တွဲတာပါပဲ။ တစ်လကိုတစ်ယောက်နှုန်းနဲ့ တွဲလာတာ...ဘယ်တော့ မှ အတည်တကျ တွဲတယ်မရှိ။ အဲ့လို တွဲလို့ နာမည်ကျလား ဆိုတော့လည်း မကျပါဘူး။ Taehyung ရဲ့ fanတွေက Taehyung ဘာလုပ်လုပ် ချစ်နေတာမျိုးလေ။ ဂျီမင့်လိုပေါ့ ဟိ ဟိ။
"ဂျီမင်...အာရုံစိုက်မယ်...အချိန်ပြည့်ဝန်ထမ်းဖြစ်ချင်ရင် ရူးနေတာ လေးလျော့"
ESTÁS LEYENDO
THE ILLEGAL BABY
FanficThe Illegal Baby ပထမတင်ထားတဲ့ဟာလေး removed လုပ်ခံရလို့ ပြန်တင်ပေးတာပါ