အပိုင်း ၅

1.2K 147 8
                                    

Jeon Jungkook က သူရဲ့စကားအတိုင်းပဲ နောက်နေ့မှာ Amelia ဆိုတဲ့မိန်းကလေး ရောက်လာခဲ့တယ်။ Jeon Jungkook သဘောကျလည်း သဘောကျချင်စရာပါပဲ။ သူမက သိပ်လှတယ်။ ဘယ်လိုအနေအထားနဲ့ပဲကြည့်ကြည့် အဆင့်အတန်း မြင့်မားမှု့ကို ခံစားရပြီး ဝင့်ဝါမှု့ကိုခံစားရတယ်။

ငါးရံ့ကိုယ်လုံးလေးလို့ တင်စားရလောက်အောင် သွယ်လျပြီး နီ ညိုရောင် ဆံနွယ်တို့က ဖြောင့်စင်းကာ အိကျနေသည်။ omega ဖြစ်သည့်အလျောက် ဘယ်နေရာကြည့်ကြည့် နုနယ်နေပြီး မျက်နှာ လေးကအစ အကြည်ဓာတ်လေးဖြစ်သည်။
သူမ၏ ပုံစံကိုကြည့်ရင်း ဂျီမင် ကိုယ့်ကိုယ်က် ပြန်ကြည့်မိလိုက် သည်။ သူမဟာ ကိုယ်ကြပ်အင်္ကျီလေးကို ကောက်ကြောင်းတို့
မြင်သာအောင် ဝတ်ထားသော်ငြား ဂျီမင်ကတော့ T shirt ပွပွ ကြီးနဲ့ sweatpants ကြီးကိုသာ ဝတ်ဆင်လေ့ရှိသည်။

သူမက သူ့ကိုယ် သေချာလိမ်းခြယ် ပြင်ဆင်လေ့ရှိပေမယ့် ဂျီမင် ကတော့ skincare လုပ်ရတာတောင် အတော်ပျင်းတဲ့လူမျိုးဖြစ် လို့ မိတ်ကပ်ဆို ယောင်လို့တောင်မလိမ်း။ လိမ်းလည်း မလိမ်းတတ်။

ဂျီမင် လုံးဝယှဉ်မရတဲ့အရာကတော့ ရင်ဘတ်ပါဘဲ။ သူမရဲ့ ခန္ဓာကိုယ်ပိန်သွယ်နေပေမယ့် ရှိသင့်တဲ့ စံနှုန်းတွေရှိသည်။ Male Omega လေးတွေဆိုတာ ခပ်ဖောင်းဖောင်းလေး ရှိတတ်ပေမယ့် လို့ ဂျီမင်ကတော့ ဟိုင်းဝေးလမ်းမလိုပဲ။

သူမအသားအရည်လေးက ကြည်လင်ဖြူစွပ်နေပေမယ့် ဂျီမင် ကတော့...အဟမ်း... အသားအရည်ကတော့ ဂျီမင်က ပိုဖြူတယ် ဟဲဟဲ။

သူမမျက်တောင်လေးတွေက ကော့စင်းနေပြီး ဂျီမင်ကတော့ မျက် ပေတုံးလေး ဖြစ်သည်။ သူမ မျက်နှာလေးက အဖုအထစ်မရှိ ရှင်း သန့်နေပေမယ့် ဂျီမင်ကတော့....ဝက်ခြံ ပိစိ ပေါက်စနဲ့ အဆီဖု ပိစိ လေးတွေ ရှိသည်။
ယှဉ်လို့မရဘူးပဲ....ကျွတ်ကျွတ် ပတ်ဂျီမင်တို့ ရင်ဘတ်ချင်းယှဉ်ရုံနဲ့ ပြုတ်ကျကျန်ခဲ့ပြီ။ ဒါပေမယ့် လပ်မိုင်ဆပ်....အိုင် လပ် မိုင်ဘာဒီပဲ ဟွန်း!

"ဒီက ပတ်ဂျီမင် မဟုတ်လားဟင်"

"ဟုတ်ပါတယ်"

"ချစ်စရာလေးပဲ...Jeon ကပြောလို့ တွေ့ချင်နေခဲ့တာ...ကြည့်ပါ အုံး ချစ်စရာကောင်းလိုက်တာ"

THE ILLEGAL BABYWhere stories live. Discover now