အပိုင်း ၁၈

1.7K 117 14
                                    

တီး...တောင်....တီး....တောင်

အိမ်ရှေ့မှ ဘဲလ်တီးသံကြောင့် ဂျီမင် တံခါးဖွင့်ကြည့်လိုက်သည့်အခါ အမျိုးသမီးငယ် တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး သည် ဟော့ဟော့ရမ်းရမ်း၊ ပေါင်လယ်ထိတိုသော ကိုယ်ကျပ်ဂါဝန် အနီရောင်ကို ဝတ်ဆင်ထားပြီး ဆံပင်မှာလည်း မဟော်ဂနီရောင် ဖြစ်သည်။

"ဘယ်သူများလဲ မသိဘူး"

"အဲ့ဒီဘက်ကရော ဘယ်သူလဲ။ Taehyung ရဲ့ အမျိုးလား"

"မဟုတ်ပါဘူး။ ကျွန်တော်နဲ့ Taehyung နဲ့က ဘာမှမတော်ပါ ဘူး"

"ကျွန်မ Taehyung နဲ့တွေ့ချင်လို့"

"ဟုတ်ကဲ့....အိမ်ထဲဝင်ပါ။ ကျွန်တော်သွားခေါ်ပေးပါ့မယ်"

ထိုအမျိုးသမီး မျက်နှာထားတည်တည်ဖြင့် အိမ်ထဲသို့ ကိုယ့် အိမ်ကိုယ့်ရာလိုမျိုး ခပ်တည်တည်ဝင်သွားသည်။ အမျိုးသမီး က omega ဖြစ်ပုံရမည်။ ကြည့်ရတာလည်း Taehyung နဲ့ တစ်ခုခု ပက်သက်ခဲ့ပုံပဲ။

ဂျီမင် အိမ်ပေါ်တက်ကာ Taehyung ကို သွားအကြောင်းကြား လိုက်တော့ Taehyung က ချက်ချင်း သူမနဲ့ ဆင်းတွေ့သည်။

"ဘာကိစ္စလဲ"

"ဘာလို့ဖုန်းမကိုင်တာလဲ"

"မကိုင်ချင်လို့"

"ကျွန်မကို အဲ့လို လာမလုပ်နဲ့ Kim Taehyung..."

Taehyung က စုတ်သပ်လိုက်ပြီး ဂျီမင့်ဘက် လှည့်ကြည့်လာ သည်။ ဂျီမင်လည်း ကြောင်အမ်းအမ်းဖြစ်သွားရပြီး အိမ်ပေါ်သို့သာ တက်သွားလိုက်မိသည်။ Taehyung ပုံစံက ဂျီမင့်ကို ရှောင်စေ ချင်တဲ့ သဘောရှိလို့ ဂျီမင်လည်း ရှောင်ပေးလိုက်တာ။

"ငါ့ကို ဇယားတွေ လာမရှုပ်နဲ့။ ပြတ်ပြီလို့ ပြောပြီးပြီမလား"

"နောက်တစ်ယောက်ရနေတာမလား!"

"အဲ့ဒါ မင်းကိစ္စလား..."

"ကျွန်မနဲ့တွဲတုန်းကတည်းက ဖောက်ပြန်နေတာမလား"

"စောက်ရေးမပါတာလာမပြောနဲ့.မင်းနဲ့ မတွဲခင်တည်းက ငါမပြော ခဲ့ဘူးလား။ ငါတို့ အစမ်းတွဲကြည့်မယ် ငါသဘောကျရင် ဆက် တွဲမယ် ငါသဘောမကျရင် ဆက်မတွဲဘူးလို့ ပြောခဲ့တာကို မင်း ကိုယ်တိုင် သဘောတူခဲ့တာပဲလေ"

THE ILLEGAL BABYWhere stories live. Discover now