အပိုင်း ၁၆

1.8K 125 4
                                    

ဂျီမင်ကသာ ဂျီမင့်အတွက် ကံဆိုးခြင်းတွေ စရောက်လာပြီထင် တာ...တကယ်တမ်း ကံဆိုးခြင်းတွေစရောက်လာတာက Jeonထံ ဖြစ်လိမ့်မည်။ Jeon သည် မျက်စိမျက်နှာပျက်ကာ ခွဲစိပ်ခန်းရှေ့ ထပ်ခါတလဲလဲ လျှောက်နေပါသည်။ အပူသည်ဖြစ်နေပုံကိုတော့ မြင် သူတိုင်း သိနိုင်သည်။ Jeon ပူလောင်နေပုံက ငရဲကျနေသလို။

သူ့အတ္တတွေ၊ သူ့မာနတွေက သူ့ကို ငရဲကျစေတဲ့အရာတွေ။ ဗုဒ္ဓဘာသာအယူအရတော့ ငရဲဟာ သေလွန်ပြီးမှ ရောက်ရှိ သတဲ့..တကယ်တမ်း ဘယ်ဟုတ်ပါ့မလဲ။ ငရဲဆိုတာ ရှင်လျက် လည်း ခံစားရတယ်။ ဦးက ထိုငရဲတွေကြား ပူပူလောင်လောင်ကြီး ကို ခံစားနေရပြီ။

ဦးက မာဖီးယားပီသစွာ ကြောက်ရွံခြင်းဆိုတာ သူ့အတွက် ရှိလာ မှာ မဟုတ်ဘူးလို့ ခေါင်းမော့ပြီး ဟစ်ကြွေးခဲ့သေးတာ။ ခုများတော့ ဘယ်တတ်နိုင်သေးလဲ...သူ ကြောက်နေပုံက လက်တွေတုန်နေတဲ့ အထိ။ သန်မာမှု့အခံသာမရှိရင် သူအခုချိန် ထိုင်ငိုနေလောက်ပြီ။

"Boss Jeon... စိတ်အေးအေးထားပါ"

Net ရဲ့စကားက အချည်နှီး။ ဦးတစ်ယောက် ရူးခါမတတ်ဖြစ်နေ တာ မျက်စိမျက်နှာကို ပျက်လို့။ ဦးက အစကတည်းက ဂျီမင့်ကို ကလေးနဲ့ ဆွဲထားခဲ့တာ။ ဂျီမင်ကလည်း ကလေးကြောင့် သူ့အနား နေမှန်း သိနေတယ်လေ။ အကယ်၍ ကလေးသာမရှိတော့ရင် သူ့ အနားမှာရှိနေတော့မှာ မဟုတ်ကြောင်းကို ဦး တစ်ယောက် တွေး ကြောက် နေလေတယ်။

ဥက္ကဋ္ဌကြီးကလည်း ခွဲစိပ်ခန်းရှေ့မှာ မျက်နှာမကောင်းစွာဖြင့် ထိုင် စောင့်နေလေတယ်။ တစ်ခါတစ်လေ ဦးကိုလည်း ဒေါသမျက်ဝန်း တွေ စိုက်ကြည့်နေသေးတယ်။ ဦးက ဒါတွေကို အာရုံစိုက်မအား ဘူး။ သူစိုးရိမ်နေတာကိုပဲ အာရုံရှိတယ်။ ဆုတောင်းခြင်းတွေကို မယုံကြည်တဲ့ ဘာသာမဲ့တစ်ယောက် ဖြစ်နေတဲ့ကြားက ဂျီမင် ဘာမှမ ဖြစ်ဖို့ သူအထပ်ထပ် ဆုတောင်းမိနေတာ။ ဦးရဲ့ ငရဲ လှလှလေးပါပဲ လား...။

ခဏအကြာ ခွဲစိပ်ဆရာဝန်ကြီးက ခွဲခန်းမှ ထွက်လာသည်။ ဦးက အပြေးပဲ သူ့အနားရောက်သွားသည်။

"လူနာရှင် ဘယ်သူများလဲ"

"ကျွန်တော်ပါ"

"ကျွန်တော်တို့ ရွေးချယ်ရလိမ့်မယ်။ ကလေး လား မွေးအဖေလား ဆိုတာ ရွေးချယ်ပေးပါ"

THE ILLEGAL BABYWhere stories live. Discover now