အပိုင်း ၁၃

1K 90 0
                                    

ဂျီမင်အဖမ်းခံခဲ့ရတဲ့ နေ့ကစပြီး ဂျီမင့်ပတ်ဝန်းကျင်မှာ bodyguard တွေ တိုးလာခဲ့၏။ အပြင်တောင် သူမပါရင် မ ထွက်ရဘူးဆိုပြီး ဖြစ်သွားရသည်။ ဒါ့အပြင် ခြံထဲသွားရင်တောင် 8ပေအကွာက bodyguard တွေကပါလာသည်။ အမှန်တိုင်း ပြောရလျှင် ဂျီမင် မွန်းကြပ်လွန်းလို့ အဆင်မပြေပါ။

ထို့ကြောင့် အိမ်ပြင်တောင်မထွက်ဖြစ်ဘဲ အိမ်ထဲမှာတင် သောင်တင် နေရသည်။ မမကလည်း ဂျီမင့်ကို မကြည်သလိုလို မခေါ်ချင်သလို လို။ ဂျီမင့်ကို မြင်သည်နှင့် မမ မျက်နှာက မကြည်သာတော့ပါ။ ဘာကြောင့်လဲတော့ မသိ။

အားတဲ့အချိန် ဟိုလျှောက်ဒီလျှောက်၊ မေမေနှင့်ဖုန်းပြော၊ online မှ အလုပ်ရှာ၊ Taehyung ပုံလေးများတင် ကြူးရန် စာလေး များစီ။ မေမေကတော့ ဂျီမင့်ကို မတွေ့ရတာ 3လတောင် ရှိပြီမလို့ ပြန်လာပါအုံးလားဟု ပြောသည်။ ဂျီမင်ကလည်း ပြန်မလာချင်တာ မဟုတ်။ ဂျီမင် အပြင်တစ်ခါထွက်ရင် အနောက်က အတန်းလိုက် ကြီး ပါလာကြမှာကို အာရုံနောက်လွန်းလို့ပါ။

အမေကတော့ ဂျီမင့်ကို အကောင်းစားalphaနောက်လိုက်ပြီး သာယာနေတယ် ထင်နေမှာပေါ့။ ဂျီမင့်မှာတော့ ထရာမာ ပေါင်းစုံ နဲ့။ အပြင်လည်းမထွက်ရဲ၊ သေနတ်သံလည်း မကြားရဲ။ အဆိုးဆုံး ဇာတ်ကားကြည့်လျှင်တောင် လူသတ်သမားကားတွေ မကြည့်ရဲတော့တဲ့အထိ။

ညဘက်ဆိုလည်း အမှောင်ထဲ တစ်ယောက်တည်းမအိပ်ရဲလို့ မီးဖွင့် အိပ်ရသည်။ အိပ်ရင်လည်း ထိုနေ့ကကြုံခဲ့တဲ့ ထိတ်လန့်စရာတွေက အိပ်မက်အဖြစ် ပြန်ပေါ်လာတဲ့အခါ ညသန်းခေါင်ဆို ဂျီမင်ခဏခဏ လန့်နိုးပြီး ပြန်မအိပ်ရ ဖြစ်ရသည်။

သည်ညလည်း ဂျီမင် ဟိုလျှောက်သည်လျှောက်ဖြင့် ယောင်လည်လည်။ မအိပ်ရဲသည့်စိတ်ကြောင့် ညတွေရောက်လာမှာ လည်း ကြောက်တတ်လာသည်။ နောက်ဆုံး ဂျီမင် ဝရံတာဘက်ကို ထွက်ခဲ့သည်။

ညအချိန် 10နာရီရှိနေပြီဖြစ်သည်။ လမင်းကြီးကလည်း နက်မှောင် နေတဲ့ ကောင်းကင်ပေါ်မှာ ထိန်လင်းလျက်ရှိသည်။ ဝရံတာက အေး စိမ့်စိမ့် လေအေး တို့က ဂျီမင့်စိတ်ပူပန်မှုတို့ကို လျော့ကျစေသည်။

THE ILLEGAL BABYWhere stories live. Discover now