🥀Can't let go of you🥀

12.5K 712 250
                                    

Unicode

အိပ်နေရင်း နောက်ဘက်ကနေ သိုင်းဖက်ထားတဲ့ မောင့်ရဲ့လက်တွေကို ထပ်ကာဆုပ်ကိုင်လိုက်သည်...ဖြစ်နိုင်ရင် ကိုယ့်အချစ်တွေအကုန်လုံးကို ဟောဒိလက်ချောင်းတွေကနေ တဆင့်မောင့်ရဲ့အသွေးထဲအသားထဲအထိ ထိုးဖောက်စီးဆင်းသွားစေချင်သည်...

ဟင်းခနဲနေအောင် သက်ပြင်းမှုတ်ထိုတ်လိုက်တဲ့မောင့်အသက်ရှူငွေ့နွေးနွေးက သူ့ရဲ့ဂုတ်သားကိုလာရောက်ရိုက်ခတ်သည်...

- မောင် ဘာတွေတွေးနေတာလဲဟင်?

- အကိုနဲ့ ခွဲခွာရတော့မယ့်အကြောင်းတွေ...

- မောင်မတွေးချင်ပါဘူး...ဒါပေမယ့် မောင့်အတွေးထဲ အဲ့အကြောင်းအရာကြီးက ခနခနဝင်လာတော့ကွာ...

ဖက်ထားတဲ့လက်တွေကို ဆွဲဖယ်ကာနောက်လှည့်ပြီး မောင်နဲ့မျက်နှာချင်းဆိုင်လိုက်သည်...ပါးပြင်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ သိသိသာသာပေါ်လွင်နေတဲ့ မျက်ရည်စီးကြောင်းတွေအပေါ်အနမ်းခြွေလိုက်သည်...

- ဒီနေ့တစ်ရက်တည်းလေ မောင်ရယ်...ဝမ်းနည်းစရာတွေမတွေးပါနဲ့လား ဟင်?

ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး တင်းကျပ်စွာထွေးပွေ့ကာ

- မောင်လေ အကို့ကိုလက်မလွှတ်ချင်ဘူး...ဟင့်အင်း လက်မလွှတ်နိုင်ဘူးဗျာ...

- တော်တော့ မောင်..အကို့ကိုချစ်ရင် မောင်လုပ်ရမယ်...အကို့ကိုချစ်ရင် မောင်အကို့လက်ကိုလွှတ်ပေးရမယ်...မောင်လုပ်နိုင်ရမယ်...

- မပြောပါနဲ့တော့ အကိုရာ...ဒီတိုင်းငြိမ်ငြိမ်လေးပဲ မောင့်ရင်ခွင်ထဲနေပေးပါတော့...

ငိုသံရောစွတ်နေတဲ့မောင့်အသံတွေ တုန်ယင်နေသည်...သေချာတယ် မောင့်မျက်ဝန်းတွေလည်း မျက်ရည်တွေနဲ့ပြည့်နေမှာပဲ...
{ထယ်ကုနှစ်ယောက်က အိပ်ယာပေါ်မှာနော်}

ဖက်ထားရင်းပင်တစ်ချက်တစ်ချက်ရှိုက်တက်လာတဲ့ မောင့်ရဲ့ကျောပြင်တွေကို လက်နဲ့ကုတ်တွယ်ရင်း မောင့်လည်ပင်းသားလေးကို အနမ်းမွမွပေးနေမိသည်...

နောက်တခါပဲလေ ရတယ်မလား...နောက်ထပ်တခါလောက်ပဲ မောင့်ရဲ့သွေးသားကို သုံးဆောင်ခွင့်ပေးပါ...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now