👀Behind the Stage👀

14.5K 820 364
                                    

Unicode

stageပေါ်ကဆင်းခါနီး ARMYတွေကို လက်မြောက်ကာ နှုတ်ဆက်နေတဲ့ Teahyungကို jungkookဘုကြည့်ကြည့်နေသည်....

မျက်နှာက ဘာလို့အဲ့လောက်ပြုံးနေရတာလဲ?
ပြီးတော့ အင်္ကျီက
Jungkook စိတ်ပျက်သွားသည်...
မျက်နှာပါသိသိသာသာ ပျက်သွားသည်...

taehyungကတော့ ARMYတွေကို ချိုသာတဲ့အပြုံးတွေနဲ့ လက်ပြကာနှုတ်ဆက်နေဆဲ...ထိုအချင်းအရာကို ရိပ်မိတဲ့Hobiက ထယ့်နားမသိမသာကပ်ကာ ကြားယုံမျှသာကြားအောင့် တိုးတိုးလေး

- taehyungရေ သတိလေးထားအုံး...မင်းအဝတ်အစားကြောင့် jungkookရာသီဥတုအခြေအနေမကောင်းဘူး

- ဟမ် ကျနော့် အဝတ်အစား?

Hobi hyungပြောတဲ့ သူ့အဝတ်အစား​တွေကို ပြန်ငုံ့ကြည့်လိုက်သည်...ဝတ်ထားတာပုံမှန်ပါပဲ ရင်ဘက်က နည်းနည်းလေးဟနေတာကလွဲရင်...အော် ဒါကြောင့်ကိုး...

taehyungပြုံးစိစိနဲ့ jungkookကို လှမ်းကြည့်တော့ ဟိုကအူတိုနေတဲ့မျက်နှာနဲ့ ရှုံ့မဲ့နေသည်...Stageပေါ်မှာတောင် လိုက်သဝန်တိုနေတာ ဘယ်လိုလေးလဲ...?

လောလောဆယ်တော့ မသိချင်ယောင်ပဲဆက်ဆောင်ကာ Hobi hyungပြောသလို stageအောက်ရောက်မှပဲ လိုက်ချော့တော့မယ်ပေါ့လေ...

ဒါပေမယ့် သူထင်ထားသလောက်မလွယ်ခဲ့ပါဘူး...stageပေါ်က ဆင်းဆင်းချင်း jungkookတစ်ယောက် steffတွေကိုတောင် မစောင့်တော့ဘဲအခန်းထဲတန်းဝင်သွားသည်...

- ကဲ ကိုယ်တော်ရေ လိုက်သာချော့တော့ ဟိုကတကယ်ကြီး စိတ်ဆိုးနေပုံပဲ

Jin hyungက အနားကပ်ကာ ထယ့်ကိုခပ်ငေါက်ငေါက်ပြောသည်...

- အဲ အခန်းထဲက ပြန်မထွက်လာတော့ဘူးဆိုရင်လည်း အဟဲဟဲ စိတ်မပူပါနဲ့ ပီဒီကြီးကို ငါတို့ကြည့်ပြောထားပေးပါ့မယ်

- ပင်ပန်းနေလို့ စောစောစီးစီးအပန်းဖြေပြီး နားနေတာပါလို့လေ ဟီး

Hobiနဲ့Jiminက တစ်ယောက်တစ်ပေါက်နဲ့ ထယ့်ကိုမရှက်ရှက်အောင်စနေသည်...yoongiနဲ့namjoonကတော့ ဘာမှဝင်မပြော...သူတို့အခြေအနေကိုကြည့်ရင်း ခပ်ရဲ့ရဲ့သာရယ်နေလေရဲ့...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Unde poveștirile trăiesc. Descoperă acum