🍰Sweet like a Cake🍰

14.1K 761 290
                                    

- ထယ်ရေ ကိုယ်ပြန်လာပြီ ထယ်ကြိုက်တဲ့ မုန့်တွေလည်းဝယ်လာတယ်

သူကထိုသို့အော်ခေါ်လိုက်တယ်ဆိုရင် ပဲ အခန်းထဲက ချစ်ရသူလေးက အပြင်ကို ထလေးသဖွယ် ခုန်ပေါက်ကာပြေးထွက်လာသည်...

- ဟမ် Jungkook ပြန်လာပြီ ဟီး

ရင်ကိုဖွင့်ကာ လက်တကားကားနဲ့လုပ်ထားပေးတာ ရင်ခွင်ထဲများဝင်လာမလားလို့လေ...သို့သော် သူ့ချစ်သူလေးကတော့ လူထက် လက်ထဲကမုန့်ထုပ်ကိုပိုစိတ်ဝင်စားပါတယ်တဲ့...ချက်ချင်း သူ့လက်ထဲက မုန့်ထုပ်ကိုဆွဲယူ၍ တကြွပ်ကြွပ်အသံမြည်အောင် အထဲက မုန့်တွေကိုနှိုက်နေလေသည်...

jungkookမှာတော့ ဘာပြောရမှန်းမသိ..ထယ်လုပ်နေတာကိုသာ မျက်လုံးအပြူးသားပါးစပ်းအဟောင်းသားနဲ့သာ လုပ်ကြည့်နေမိတော့သည်...

- ငါကြိုက်တဲ့မုန့်ဆိုတော့ စတော်ဘယ်ရီကိတ်မုန့်လားဟင်?

- အမ် ဟင် ဟုတ် ဟုတ်တယ်

- ဝါး ကိတ်ကနှစ်ဘူးတောင် နှစ်ခုလုံးငါစားလို့ရတယ်မလား jungkook

တောင်းဆိုလာတဲ့မျက်နှာထားလေးက Puppy eyeလေးနဲ့...အသံလေးကလည်း ကလေးလေးသဖွယ်...သူ့မျက်လုံးထဲမှာ တော့ ထယ်ယောင်းရဲ့ ထိုအပြုံးမျက်နှာလေးကိုပဲ မြင်ချင်သည်...ထိုအပြုံးလေး တွေ မပျောက်ပျက်သွားအောင်လည်း သူကြိုးစားနေအုန်းမည်...သူရဲ့ချစ်လှစွာသော Boxy smileပိုင်ရှင်လေးကိုသာ တမေ့တမောငေးနေမိတော့သည်...

- Jungkook!!!

- ဟမ် အော် ထယ်

- ဘာတေအဲ့လောက်ကြည့်နေတာလဲ မေူနေတာဖြေအုန်းလေ နှစ်ဘူးလုံး ငါစားလို့ရလားလို့

- ရတာပေါ့ထယ်ရဲ့ ထယ့်အတွက်ပဲဝယ်လာတဲ့ဟာ

သူ့စကားကြောင့် ထယ့်အပြုံးလေးဟာ ပို၍တောက်ပလာတော့သည်...

- ဟီးးငါ့jungkookက တော်တော် ချစ်ဖို့ကောင်းတာပဲ

ထိုသို့ပြောရင်းသူ့ရဲ့ ပါးနှစ်ဖက်ကို လက်ဖဝါးလေးတွေနဲ့ဆွဲကိုင်ကာ ပါးပြင်ကိုနှာခေါင်းနစ်ဝင်သွားသည်အထိ အနမ်းတွေပေးလာသည်...

- ဟီး ဒါဆို ငါအခုပဲစားတော့မယ် မင်းကိုစောင့်နေရတာ ပင်ပန်းတယ်

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now