🍑Painter Of The Night🍑

18.6K 728 322
                                    

Unicode

လက်ချောင်းတို့ဟာ အဖြုရောင်ပိတ်သားထက်မှာ ဟိုပြေးဒီပြေးနဲ့ လှပတဲ့စုတ်ချက်တွေကို ဖော်ကျူးလို့...

တစ်ကိုယ်လုံးကို ပါးလွှသောအကြည့်ရောင်ပိုးသားလေးတစ်ထည်နဲ့သာ ဟိုမလုံဒီမလုံဖုံးဖိရင်း ဆိုဖာပေါ်လဲလျောင်းနေတဲ့ ကောင်လေးတစ်ယောက်...ထိုကောင်လေးရဲ့ ပုံတူကို ထိုအဖြူရောင်ပိတ်သားပေါ်ကူးယူဆွဲချနေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့သည်...

ဆိုဖာပေါ်က ကောင်လေးကတော့ ပိုသားလေးလို ဖွေးစွတ်သည်...ပိုးသားလေးလိုနူးညံ့သည်...ပိုသားလေးလိုပဲ တစ်ဖက်လူကသူ့အပေါ်စိတ်ဝင်စားလာအောင် ဆွဲဆောင်သည်...

စုပ်တံကိုင်ရင်း ဆွဲနေတဲ့ကောင်လေးကတော့ အဆွဲဆောင်ခံနေရတဲ့ လူသားပေါ့...ပိုသားလေးလိုပဲ နူးညံ့တဲ့လူသားလေးဆီကနေပြီးတော့လေ...

ပိတ်သားပေါ်ချရေးဖို့ ဆိုဖာပေါ်က ကောင်လေးကို လှမ်းကြည့်လိုက်တိုင်း သူ့ကိုစိုက်ကြည့်နေတဲ့ ထိုကောင်လေးရဲ့ အကြည့်တွေကတော့ စူးရှမြဲ...ပူထူစွာပင် မျက်နှာလွှဲလိုက်ပြီး ကတုန်ကယင်နဲ့ စုတ်ချက်တွေကို လှပအောင်ဖော်ကျူးရတာ လွယ်သည်တော့မဟုတ်...

ပုံဆွဲနေစဥ် တခြားနေရာတွေကတော့အဆင်ပြေပါရဲ့...အပြစ်ဆိုဖွယ်ရာမရှိတဲ့ ​ကောက်ကြောင်းလှလှကို ပုံဖော်ရတဲ့အခါမှာတော့ လက်တို့ဟာ မသိမသာတုန်ယင်လာရသည်...

အပြစ်ဆိုဖွယ်ရာမရှိတဲ့ ​ကောက်ကြောင်းလှလှကို ပုံဖော်ရတဲ့အခါမှာတော့ လက်တို့ဟာ မသိမသာတုန်ယင်လာရသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကတုန်ကယင်ဖြစ်နေတဲ့ သူ့အဖြစ်ကိုနားလည်လို့ထင်ပါရဲ့...ထိုကောင်လေးက ဆိုဖာပေါ်မှာလှဲနေရာက ထကာခြေလှမ်းတို့က တုံဆိုင်းနေတဲ့သူ့ဆီ...သူလေးကထလာတော့ သူ့ကိုယ်ပေါ်က အဝတ်စပါးလေးက လေထဲလွင့်ခနဲနေကာ ကြမ်းပြင်ပေါ်သို့ခစားရသည်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now