‼️Mine‼️

14.5K 735 382
                                    

unicode

- အာ့ အ နာတယ် ထယ်ရဲ့ ဖြေးဖြေးလုပ်ပါ

- ငြိမ်ငြိမ်နေလေ မင်းက

- အာ့ အား အရမ်းမဖိနဲ့လို့ အား

- ဟာ အဲ့လိုဖိမှာရမှာပေါ့ လုပ်တုန်းကကြလုပ်လာပြီး ခုမှလာနာနေတယ် ဟွန်း

ထယ်တစ်ယောက်jungkookမျက်နှာက ဒဏ်ရာများကို ဆေးထည့်ပေးနေခြင်း...
{တခြားတွေးနေကြတယ်မလား?😏🌚}

ညကြီးမိုးချုပ် အိမ်ရောက်ချလာတဲ့jungkookကြောင့် ထယ်နည်းနည်းတော့ လန့်သွားမိသည်..တခြားကြောင့်မဟုတ် ခုလိုအိမ်ကို အမြဲလာနေကျမဟုတ်တာကြောင့်ဖြစ်သည်...တံခါးဖွင့်ပေးလိုက်တော့ မျက်လိုက်ရတဲ့မျက်နှာက အို အမလေး ဒဏ်ရာတွေနဲ့ပါလား...နှုတ်ခမ်းလည်းကွဲနေပြီးသွေးစလေးတွေတောင် ခြောက်ကပ်ကပ်ဖြစ်နေပြီ..

အခန်းထဲရောက်ရောက်ချင်းပဲ လူကိုပြုံးကြည့်ကာ ရန်ဖြစ်လာတယ်တဲ့...ဆေးထည့်ပေးပါတဲ့...ထယ်လည်း မြန်မြန်ပဲဆေးထည့်ပေးရတော့တာပေါ့...ဒဏ်ရာတွေက ပိုးတွေဝင်ကုန်ရင် မဖြစ်ပါဘူး...

jungkookအကြောင်းကတော့ဗျာ သူပိုင်တဲ့ ကင်မ်ထယ့်ကိုလာထိခဲ့ရင်တော့ jeon jungkookရဲ့ဒေါသက နေရာမရွေးလူမရွေးပါ...ဟိုတစ်ခေါက်ကလည်း ထယ်တော့ပူကီစားချင်လို့ jungkookကိုလိုက်ဝယ်ကျွေးခိုင်းတာ..လမ်းမှာတွေ့တဲ့လူက ထယ့်ကိုကြည့်ပြီး ပြွတ်ပြွတ်ပြက်ပြက်လှမ်းခေါ်ပြီး မျက်စပစ်ပြဘာပြနဲ့...

ဒါကိုjeon jungkookတို့မသိဘူးမထင်နဲ့ အဲ့လူကိုနေရာမှာတင် မျက်ခွက်ဖြတ်ကန်ပစ်လိုက်တာ အံသွားနှစ်ချောင်းကျွတ်သွားလို့ ရဲ့စခန်းထိလိုက်တောင်းပန်ခဲ့ရတယ်...ဆေးဖိုးလည်းပေးလိုက်ရသေး...ဒီကမုန်စားဖို့ပါဆိုနေ မရှိမဲ့ရှိမဲ့မုန့်ဖိုးလေးတွေ သူ့ကြောင့်အိတ်ကပ်ထဲကမလိုဘဲခုန်ထွက်သွားပါလေရော်လား...

ဒီလိုဆိုတဲ့ဇိုးလေးကိုမှ ချစ်သူတော်ထားရတာကြောင့် သူစိတ်ညစ်လားဆိုတော့ ဟင့်အင်းပါ...ကိုယ့်ချစ်သူကကိုယ့်တစ်ယောက်အတွက်ပဲ ဆိုးတတ်တာသိလို့ပိုတောင်သဘောကျတယ်လို့ပဲပြောရမလား...

ခုလည်းကြည့်အုံး...ဘယ်ကလူတွေနဲ့ရန်ဖြစ်လာပြန်ပြီလဲမသိဘူး...သူမေးကြည့်တော့လည်း မရေမရာ...သေချာတာတော့ ဟိုအဖွဲ့ပဲဖြစ်မှာ...ထယ့်ကို တွေ့ရင်တွေ့တဲ့နေရာမှာအပြူးအပြဲလိုက်ငမ်းပြီးjungkookရဲ့ဒေါသကို မထိမထိနှိုးဆွတတ်တဲ့ အမှတ်မရှိတဲ့သူတွေလေ...ထင်တော့ထင်ပါတယ်..သူဟိုတစ်ခေါက် jungkookဖုန်းပြောတာကြားပြီးကတည်းက...တနေ့နေ့တော့ ဒင်းတို့အဖွဲ့လည်းjungkookလက်စာမိတော့မယ်ဆိုတာ...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now