အခန်း(၁) - ချိုမြိန်သော ဝန်ထုပ်ဝန်ပိုးလေးတစ်ခု

12.5K 995 13
                                    

[Unicode]

ညနေ၆နာရီအချိန်တွင် ခက်ထန်သောနေမင်းသည် သူ့၏ခြေသည်းလက်သည်းများနှင့် သွားများကို ဝှက်ထားလိုက်ပြီး နူးညံ့ညင်သာလာသည်။ နေဝင်ဆည်းဆာ၏ အလင်းရောင်သည် လမ်းမပေါ်တွင် ဖြာကျနေသည်။

ရှဲ့ကျစ်နန်သည်လူအုပ်ကိုဖြတ်၍ လမ်းမပေါ်တွင် လမ်းလျှောက်လာသည်။

သူ ဒီည ဟယ်ကျိဟွိုင်း နှင့် ရုပ်ရှင်ကြည့်ရန် ချိန်းထားသည်။

ရုတ်တရက် သူရှေ့ကို မိုက်ကရိုဖုန်းတစ်ခု ထိုးပေးလာသည်။ ရှဲ့ကျစ်နန်မော့ကြည့်လိုက်တော့ ပြင်သစ်စတိုင် ဆံပင်အလိပ်နှင့် မျက်နှာဘဲဥပုံရှိသော အမျိုးသမီးတစ်ယောက်က သူ့ကိုတားလိုက်သည်ကို မြင်လိုက်ရသည်။ ထိုမိန်းမပျိုသည် ပန်းပွင့်ပုံစကတ်ရှည်နှင့် လိုက်ဖက်လှစွာ နူးညံ့သိမ်မွေ့သောမိတ်ကပ်လိမ်းခြယ်ထားသည်။ သူမက နူးနူးညံ့ညံ့ပြုံးပြလာသည်။

"မောင်လေး၊ အစ်မ မင်းကို အင်တာဗျူးလို့ရမလား?"

ရှဲ့ကျစ်နန်သည် သူ့မျက်မှန်ကိုင်းကို တွန်းတင်ပြီး ပြန်‌ဖြေလိုက်သည်။ "ရပါတယ်"

အမှန်အတိုင်းပြောရရင် ရှဲ့ကျစ်နန်၌ ကြည်လင်ပြီးတောက်ပသော သစ်တော်ပန်းပွင့်ပုံ မျက်ဝန်းတစ်စုံ ရှိပြီး သူ့၏နှုတ်ခမ်း​ထောင့်​တွေက မကြာခဏဆိုသလို အ​ပေါ်ကို ​ကွေးတက်သွားတာ​ကြောင့် အ​ဝေးက​နေကြည့်လိုက်လျှင် ပြုံး​နေသကဲ့သို့ ထင်ရကာ ငယ်ရွယ်ပြီး အ​တွေ့အကြုံမရှိ​သေးသည့် လူကြီးလူ​ကောင်းတစ်​ယောက်နှင့် တူ​နေသည်။ အခု သူမ အနီးကပ်ကြည့်ကြည့်​လိုက်သောအခါမှ ထိုမျက်လုံးများနောက်က အပြုံးသည် ပို၍ထင်ရှားလာသည်ကို မြင်လိုက်ရသောကြောင့် ထိုမိန်းမပျိုသည် စက္ကန့်အနည်းငယ်မျှ ရှက်သွားသည်။

"အဟမ်း" မိန်းမပျိုသည် လည်ချောင်းရှင်းလိုက်သည်။ "မောင်လေး၊ သဝန်တိုတတ်တဲ့ ချစ်သူတစ်ယောက် ရှိရတာကို မင်းဘယ်လိုထင်သလဲ။"

"သဝန်တိုတတ်တဲ့ချစ်သူ?" ရှဲ့ကျစ်နန်သည် ပြန်မေးလိုက်ပြီး သူ့၏မျက်ခုံးများက မြင့်တက်သွားသည်။

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now