Extra 1 - တရားဝင်ကြေညာမှု

3.1K 722 16
                                    

[Unicode]

S တက္ကသိုလ်မှ ကျောင်းသားများသည် WeChatမှာ postတင်ရတာကို သဘောမကျသော ရှဲ့နတ်ဘုရားက ရက်ပေါင်း၅၂၀ခန့်အတောအတွင်း ပထမဦးဆုံးpost တင်လာသည်ကို တွေ့လိုက်ကြရသည်။ တင်လိုက်သည့်စာက [ငါ့ဟယ်ဟယ်က အချိုတွေစားရတာ မကြိုက်ဘူး]

စာနှင့်အတူ တွဲတင်ထားတဲ့ပုံက နှင်းဆီပန်းစည်းတစ်ခုနှင့် အလယ်တွင် ချိုချဥ်လေးတစ်ခု။

[!!!]

ထို postက လူတော်တော်များများ၏ အာရုံစိုက်မှုရလိုက်သည်။

[တရားဝင်ကြေညာတာလား?! ဒါက တရားဝင်ကြေညာလိုက်တာပဲ!]

တစ်ချိန်တည်းမှာပင် postခဏခဏတင်တတ်သော ဂီတဌာန၏မင်းသားလေး ဟယ်ကျိဟွိုင်းကလည်း postတင်လာသည်။ ပုံက လူနှစ်ယောက်လက်ကိုင်ထားသောပုံဖြစ်ပြီး အလယ်တွင် အသည်းပုံတစ်ခုပါသည်။ စာက - [ငါ့နန်နန်က ကုတ်တွေကို စစ်ဆေးရတာကို မကြိုက်ဘူး]

အချစ်ရေးကို လူသိရှင်ကြားချပြသော်လည်း တကယ်တမ်း မတိမကျ ဝိုးတိုးဝါးတားဖြစ်နေသောကြောင့် ဖရဲသီးစားနေကြသောသူများအတွက် ၀မ်းနည်းခြင်းနှင့်မကျေနပ်မှုကို ဖြစ်စေလာပြီး ကောမန့်များထဲတွင် အမျိုးမျိုးသော အားကျမှု၊ မနာလိုမှုများဖြင့် တက်ကြွနေကြသည်။

(T/N - ဖရဲသီးစားနေကြသူများ = ပွဲကြည့်ပရိသတ်များ)

[ဒီတိုင်း RSလေးတစ်ခုပဲဟာ။ ဘယ်သူက အဲ့ဒါကိုစိတ်ဝင်စားနေလို့လဲ? ကောင်းပြီ၊ ငါဝန်ခံတယ်၊ ငါချဥ်နေပြီ။]

(T/N - ချဥ်သည် = မနာလိုဖြစ်သည်၊ အားကျသည်)

[ဒီရက်ပိုင်း လူငယ်စုံတွဲတွေ အရမ်းသောင်းကျန်းနေပါလား...]

ဆုတောင်းပေးထားကြသည့် ကောမန့်များလည်းရှိသည်။ ခြုံငုံကြည့်လိုက်လျှင် တော်တော်လေး သဟဇာတရှိနေသေးသည်။

သို့သော် တစ်ရက်ကြာပြီးနောက် ကောမန့်‌နေရာတွင် မကောင်းသည့်မှတ်ချက်များ စတင်ပြီးပေါ်လာသည်ကို တွေ့လိုက်ရသည်။

[ငါ့ရှဲ့နတ်ဘုရားက ဒီလိုလေသံမျိုးနဲ့ တစ်ခါမှမပြောဖူးဘူး။ သူ့အကောင့် အခိုးခံလိုက်ရတာပဲဖြစ်ရမယ်!]

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now