အခန်း(၇) - မင်းဘယ်လောက်ပဲရှင်းပြရှင်းပြ၊ အဲ့ဒါက အဖြေမှန်မဟုတ်ဘူး။

3.3K 745 15
                                    

[Unicode]

ဟယ်ကျိဟွိုင်းက ပြောလာသည်။ "ဒီစီနီယာအစ်မအချောလေးကို ကြည့်ရတာ တော်တော်လေးရင်းနှီးနေသလိုပဲ"

ရှဲ့ကျစ်နန်သည် ပထမတော့ ဘာမှမတုံ့ပြန်ဘဲ နောက်မှမိတ်ဆက်ပေးလိုက်သည်။ "ဒါက မင်းတို့ဂီတဌာနက စီနီယာအစ်မပဲလေ။ မင်းသူ့ကို အရင်ကမြင်ဖူးမှာပေါ့"

ဟယ်ကျိဟွိုင်းက ပို၍ပင် မကြည်မသာဖြစ်လာသည်။ "မြင်ဖူးတာက ဘာအကျိုးရှိမှာလဲ? လက်ဆောင်တွေဘာတွေရတဲ့အခြေအနေအထိ ကောင်းကောင်းရင်းနှီးမှရမှာပေါ့"

ထိုအခါမှ ရှဲ့ကျစ်နန်သည် ပြန်သတိရသွားပြီး ရယ်လိုက်သည်။ "စဥ်းစဥ်းစားစားပြောပါကွာ။ အဲ့အချိန်တုန်းက လူတွေအများကြီးရှိနေတာ၊ ပြီးတော့ ကျောင်းသားသမဂ္ဂမှာဆို သူမက ငါ့ကို အရမ်းဂရုစိုက်ပေးတာ။ ဒါကြောင့် ငြင်းလိုက်မယ်ဆိုရင် နည်းနည်းရိုင်းသလိုဖြစ်သွားလိမ့်မယ်လေ။"

ဟုတ်သားပဲ။

ဟယ်ကျိဟွိုင်းသည် ရှဲ့ကျစ်နန်၏ခါးကိုဖက်ပြီး မဆီလျော်စွာ ပြန်ပြောလိုက်သည်။ "မင်းကအရမ်းလွန်တာပဲ။ သူ့အတွက်နဲ့ ငါ့ကိုတောင် ဆူတယ်ပေါ့"

ရှဲ့ကျစ်နန် "..."

တကယ်တမ်း ဒီလိုအခြေအနေမျိုးမှာ မင်းဘယ်လောက်ပဲရှင်းပြရှင်းပြ၊ အဖြေမှန်ဖြစ်မှာမဟုတ်ဘူး။

ရှဲ့ကျစ်နန်၏မျက်လုံးများက ကွေးညွတ်သွားသည်။ 

ဟယ်ကျိဟွိုင်းသည် ဒေါသထွက်နေဆဲဖြစ်ပြီး ကြည့်ရတာတစ်ခုခုပြောချင်နေပုံရသည်။ ထို့နောက် ရှဲ့ကျစ်နန်သည် ရုတ်တရက် ရှေ့သို့ကိုင်းလိုက်ကာ သူ့နှုတ်ခမ်းထောင့်နားကို နမ်းလိုက်သည်။

ချိုမြိန်သောလှုပ်ရှားမှုလေးတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့် ဟယ်ကျိဟွိုင်း ကြက်သေသေသွားကာ သူ့မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ရှဲ့ကျစ်နန်က တမင်တကာ မေးလိုက်သည်။ "ခုနကပြောတာ ငါသေချာမကြားလိုက်လို့။ မင်းဘာပြောချင်တာလဲ?"

"ရှဲ့ကျစ်နန်၊ မင်း အနိုင်ကျင့်..." သူ့စကားမဆုံးသေးခင် ရှဲ့ကျစ်နန်က နောက်ထပ်တစ်ကြိမ် ကိုယ်ကိုရှေ့တိုးကာ နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြန်သည်။

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now