အခန်း(၄) - ငါက သဝန်တိုတတ်တဲ့သူ မဟုတ်ပါဘူး။

3.9K 792 17
                                    

[Unicode]

သူတို့ပထမဆုံးတွေ့ခဲ့တုန်းက ဖြစ်ခဲ့သည်များကို ပြန်စဥ်းစားမိရင်း ရှဲ့ကျစ်နန် မရယ်မိဘဲမနေနိုင်တော့။ သူ ဟယ်ကျိဟွိုင်း၏နှာခေါင်းထိပ်ကို ဖွဖွလေးထိကာ စလိုက်သည်။ 

"ဒီမိန်းကလေးက သဝန်တိုတတ်တဲ့ ချစ်သူတစ်ယောက်ရှိတဲ့ အတွေ့အကြုံအကြောင်းကို အင်တာဗျူးချင်လို့တဲ့။ မစ္စတာ ရှောင်ဟယ်၊ မင်းရဲ့အတွေးလေးများ ပြောပြချင်သေးလား။"

ထိုစကားများကို ကြားသောအခါ ဟယ်ကျိဟွိုင်းသည် သူ့၏မျက်ခုံးများကို ပင့်လိုက်ပြီး သူ့၏ဖြူဖွေးသော မျက်နှာလေးက အနည်းငယ်နီမြန်းသွားသည်။ 

"ဘာအတွေးလဲ? ငါက သဝန်တိုတတ်တဲ့သူ မဟုတ်ဘူး။"

သူ့၏နောက်ဆုံးစကားသည် တိတ်တိတ်လေးပြောလိုက်ခြင်းဖြစ်ပြီး တီးတိုးသံအဖြစ်သို့ ပြောင်းသွားသောကြောင့် ရှဲ့ကျစ်နန်သည် သေချာမကြားလိုက်ရသဖြင့် ထပ်မေးလိုက်သည်။ "ဘာပြောလိုက်တာ?"

ဟယ်ကျိဟွိုင်းသည် သူ့ပါးလေးများကိုဖောင်းလိုက်ကာ စကားပြန်မပြောခင် 'ဟွန့်' ဟူ၍ နှာတစ်ချက်မှုတ်လိုက်သည်။ 

"ငါကဘယ်လိုလုပ်သိမှာလဲ။ ငါက သဝန်တိုတတ်တဲ့ချစ်သူနဲ့ တွဲနေတာမှ မဟုတ်တာ။ ငါကိုက သဝန်တိုတတ်တဲ့ချစ်သူပဲ။ ရှဲ့ကျစ်နန်၊ ငါ့ကိုပြော၊ ငါကအရမ်းပိုင်ဆိုင်လိုစိတ်ကြီးလွန်းလို့ မင်းသဘောမကျဘူးလား။ ငါက အရမ်းကိုထိန်းချုပ်လွန်းလို့ သဘောမကျဘူးလား။ မင်းရဲ့အချစ်တွေ ပျောက်ကွယ်ကုန်ပြီလား။"

ရှဲ့ကျစ်နန် ပြုံးလိုက်သည်။ "ဘယ်လိုလုပ်ပြီး ငါကမင်းကို သဘောမကျဘဲနေမှာလဲ..."

သူ့စကားမဆုံးသေးခင် ဟယ်ကျိဟွိုင်းသည် သူ့လက်မောင်းကိုဖက်ကာ ပြောလာသည်။ "ငါဂရုမစိုက်ဘူး။ စိတ်ဆိုးတယ်။ မင်းငါ့ကို ချော့ရမယ်။"

ဒီလိုအချိန်၌ ရှင်းပြချက်က အရေးမကြီးပေ။ ရှဲ့ကျစ်နန်သည် ဟယ်ကျိဟွိုင်းအနားသို့ မှီလိုက်ကာ ပြောလိုက်သည်။ 

"ငါချော့ပါ့မယ်။ ငါတို့ရုပ်ရှင်ကြည့်ပြီးတဲ့အထိတော့ စောင့်ပါဦး။ ပြီးရင် ငါမင်းကို မှောင်မိုက်ပြီး မုန်တိုင်းထန်တဲ့နေရာတစ်ခုကို ခေါ်သွားပြီး ကောင်းကောင်းချော့မယ်လေ၊ ဟုတ်ပြီလား။" 

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now