Extra 4 - နိဂုံး

4.2K 803 33
                                    

[Unicode]

ခဏအကြာတွင် ဘလော့ဂါ 'Not Heading North' သည် Weibo၌ နောက်ထပ်postတစ်ခုကို တင်လာပြန်သည်။

[နောက်ပိုင်း လူတော်တော်များများက နန်နန်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စိတ်ပူနေကြတယ်။ နန်နန်မှာက ပင်ပန်းတဲ့ ပရိုဂရမ်မာအလုပ်လည်းရှိတဲ့အပြင် သူ့ရဲ့မကောင်းတဲ့အကျင့်တွေကြောင့်ရော သူ့ခန္ဓာကိုယ်ကို အနှေးနဲ့အမြန် ထိခိုက်စေလိမ့်မည်ဆိုပြီး စိတ်ပူနေကြတာ။ ဟားဟား။ အရင်ဆုံး အားလုံးရဲ့စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ မင်းတို့ကိုပြောပြမယ်၊ ငါ့မှာ ဟိုးအရင်ကတည်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းကိုက်နေရတာ။ အထူးသဖြင့် သူတစ်ယောက်တည်းရှိတဲ့အချိန်ဆို အစားကိုအချိန်မှန်မစားဘူး။ ပြီးတော့ ခေါက်ဆွဲပြုတ်တွေ ခဏခဏစားတယ်။ တကယ်လို့ သူဖွက်ထားတဲ့ခေါက်ဆွဲခြောက်တွေကို ငါကသိမ်းလိုက်ရင်တောင် သူကအပြင်မှာသွားဝယ်စားတယ်။

"ဒါပေမယ့် တစ်ရက်မှာ သူပြောင်းလဲသွားတာကို ငါတွေ့လိုက်ရတယ် —— သူက ရုတ်တရက်ကြီး သူ့ရဲ့ဖွက်ထားတဲ့ ခေါက်ဆွဲခြောက်တွေကို လွှင့်ပစ်နေတယ်လေ။

အစကတော့ နေအနောက်ဘက်ကများထွက်လာသလား ဒါမှမဟုတ် သူအိမ်ကများထွက်ပြေးသွားတော့မလို့လား တွေးလိုက်မိပြီး ငါလုံးဝကိုလန့်ဖြန့်သွားတာ။ ငါသူ့ကိုမေးတော့ သူကမဖြေဘဲ လျှို့ဝှက်ထားတယ်။ နောက်မှ ငါသိလိုက်ရတာက - တစ်ညမှာ ဒီကလေးက အိမ်မက်တစ်ခုမက်တယ်။ သူခေါက်ဆွဲခြောက်တွေ အလွန်အကျွံစားပြီး သူ့ခန္ဓာကိုယ်မှာ အဖုသေးသေးလေးတွေအပြည့်နဲ့ ထူးဆန်းတဲ့ရောဂါတစ်ခု ကူးစက်ခံလိုက်ရတယ်ဆိုပြီး အိမ်မက်မက်တယ်။ 

ဟားဟားဟားဟား။ မင်းတို့မထင်ထားဘူးမလား၊ ဒါပေမယ့် နန်နန်မှာက Trypophobia (အပေါက်တွေ၊ အဖုတွေကိုကြောက်သောရောဂါ) ရှိတယ်။ အဲ့နေ့က သူတည်တည်ငြိမ်ငြိမ် မျက်နှာထားနှင့်နိုးလာပေမယ့် အမှန်တကယ်က သူကြောက်လန့်ဖို့ကိုတောင် မေ့နေလောက်တဲ့အထိ အထိတ်တလန့်ဖြစ်သွားခဲ့တာ။

အဲ့ဒီအိမ်မက်ကျေးဇူးကြောင့် လောင်ရှဲ့ ဘယ်တော့မှ ခေါက်ဆွဲပြုတ်ထပ်မစားတော့ဘူး။

🎉 You've finished reading သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed] 🎉
သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now