အခန်း(၆) - သူမ ယုံကြည်လက်ခံလာအောင် ဘယ်သူကမှ သူမအစ်ကိုထက် ပိုပြီးမလုပ်နိုင်ပေ။

3.4K 755 29
                                    

[Unicode]

ရှဲ့ကျစ်နန် အဆောင်ကိုပြန်ရောက်ပြီးနောက် ဖန့်ဝမ်ကျီက သူ့အား မက်ဆေ့ပို့ထားသည်ကို တွေ့လိုက်ရသည်။

ဖန့်ဝမ်ကျီသည် အဆောင်၌စောင့်နေသည်မှာ တော်တော်ကြာပြီဖြစ်သည်။ ရှဲ့ကျစ်နန် ပြန်ရောက်လာသည်ကို မြင်သောအခါ အဓိပ္ပါယ်ရှိသောအကြည့်ဖြင့်ကြည့်ကာ မေးလာသည်။ "ငါ့ကိုပြော၊ မင်း ဒီည ဘယ်သွားခဲ့တာလဲ။"

ရှဲ့ကျစ်နန်သည် သူ့ကွန်ပြူတာကို စားပွဲပေါ်တင်လိုက်ရင်း ဖြေလိုက်သည်။ "စာတမ်းရေးနေတာလေ၊ ငါကဘယ်သွားရမှာလဲ?"

ဖန့်ဝမ်ကျီက နှာခေါင်းရှုံ့လိုက်ကာ "လောင်ရှဲ့၊ မင်းကတကယ်မရိုးသားဘူးပဲ၊ ကျောင်းဖိုရမ်မှာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပြီ၊ ဒါတောင် မင်းကငါ့ကို စာတမ်းပဲရေးနေတာဆိုပြီး ပြောနေသေးတာလား"

ရှဲ့ကျစ်နန်သည် သူ့မျက်ခုံးများကို ပင့်လိုက်သည်။

ဖန့်ဝမ်ကျီသည် သူ့ဖုန်းကိုထုတ်ကာ ဖုန်းမျက်နှာပြင်ကို အကြိမ်အနည်းမျှ ပွတ်ပြီးနောက် ကျစ်နန်ဆီသို့ ပေးလိုက်သည်။ "မင်းဘာသာကြည့်ကြည့်လိုက်"

ရှဲ့ကျစ်နန်ကြည့်လိုက်သောအခါ သူ့မျက်စိရှေ့တွင် မြင်လိုက်ရသည့် ထင်ရှားသောခေါင်းစဥ်ကြီးကြောင့် လန့်သွားသည်။ ဂီတဌာနရဲ့မင်းသားလေးက ဘာကြောင့် အခမ်းအနားကနေ ထွက်သွားခဲ့တာလဲ?

အောက်တွင် ပို့စ်တင်သူထံမှ စာသားအရှည်ကြီးရှိလေသည်။

[ဒီနေ့အဆိုပြိုင်ပွဲကို သွားကြတဲ့လူတော်တော်များများက ဂီတမင်းသားလေးကြောင့်ဆိုတာကို ငါတို့အားလုံးသိပြီးသားပါ။ ရလဒ်ကတော့ ဂီတမင်းသားလေးဟာ ပွဲစချိန်အတောအတွင်း အချိန်အကြာကြီးပျောက်နေခဲ့တဲ့အပြင် မူလသီဆိုမယ့်သီချင်းကို ပယ်ဖျက်လိုက်ပြီး acapella သီချင်းတစ်ပုဒ်ကို သီဆိုခဲ့တယ်။ (ဂီတမင်းသားလေးကတော့ တကယ့်ကို ဂီတမင်းသားလေးဖြစ်ထိုက်ပါတယ်။ အဲ့ဒီ acapella ဖျော်ဖြေမှုက အမှန်တကယ့်ကို အံ့အားသင့်ဖွယ်ပါပဲ။ sound effectsတွေနဲ့ အကြိမ်ပေါင်းများစွာ ပြုလုပ်ထားသလိုမျိုးပဲ။ ငါ အရမ်းကိုသဘောကျတယ်။) အစကတော့ ဒါကို တော်တော်တုန်လှုပ်ခြောက်ချားဖို့ကောင်းလှပြီလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် မင်းသားလေးက ဆုပေးပွဲအချိန်မှာ ထပ်ပျောက်သွားပြန်တယ်။ သူဘယ်သွားလဲ ခန့်မှန်းကြည့်ကြပါ?]

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now