part 5

26.2K 693 24
                                    

နောက်တစ်နေ့မနက် ...

ဝိုင်ကီလေးနိုးလာခဲ့သည်။ အောက်ပိုင်းကနာကျင်မှု့ကတော်ရုံတန်ရုံမဟုတ်တော့ မျက်နှာလေးရှုံ့မဲ့သွားသည်။ဘေးကနေ ဟိုင်ကီနဲ့ အဲရစ်ကလည်း အိပ်ပျော်နေတယ်ဆိုတော့ သူတို့ကိမနိုးချင်ဘဲ ကုန်းထလို့ကလည်းမဖြစ်။

'အော် ထဖို့အတွက်ငါလေး သနားပါတယ်'စိတ်ထဲ ကနေတော့ ကိုယ့်ကို ကိုယ်သနားကြောင်းပြောလိုက်သည်။ ကုတင်ပေါ်၌လှုပ်စိလှုပ်စိဖြစ်နေတဲ့ အကောင်ပေါက်ကို နှစ်ကောင်သား ကြည့်နေတာကြာပါပြီ မနိုးခင်ထဲကပေါ့ ဝိုင်ကီလေးကိုဖက်ထားချင်တာကြောင့်နှစ်ယောက်သားမထဘဲနေလိုက်သည်။ ညက အရှိန်ကတော်တော်ပြင်းမှန်းသူတို့သိသည်။ မထနေမဖြစ်ဆိုတဲ့အတိုင်း သူတို့ထဖို့ပြင်လိုက်ကြသည်။

"ဝိုင်ကီ! လာကိုယ်ချီမယ်"

အဲရစ်က ထလာပြီး ဟိုင်ကီကတော့ ရေချိုးခန်းထဲကိုဝင်သွားသည်။ သို့နောက် အဲရစ်က ဝိုင်ကီ့ကိုချီပြီးရေချိုးခန်းထဲကို လိုက်ပို့ပြီး ဝိုင်ကီ့ ကိုဘေစင်အလယ်ပေါ်တင်လိုက်သည်။ဟိုင်ကီက မနက်စောစောထလာရင် စိတ်မကြည်တတ်ဘူး ဒါကိုဝိုင်ကီလည်း သိသလို အဲရစ်ကလည်း သိသည်။

ဟိုင်ကီက စကားစမြည်ပြောလိုက်သည်။ထွေထွေထူးထူးပြောဖို့ ဒီချိန်သူ့မှာသတ္တိမရှိ ညကအရှိန်ကြောင့် ဝိုင်ကီ ရှက်မှာစိုးလို့ နှစ်ယောက်သားပြောချင်သည့်စကားတွေကို မြိုသိပ်ထားကြသည်။

" သက်သာလား ? "

" အင်း နည်းနည်း "

ထို့နောက်အဲရစ်က ဝိုင်ကီ့ကို သွားတိုက်ဆေးထည့်ပေးပြီးသွားတိုက်ခိုင်းသည်။ အဲရစ်က သူတိုက်ပြီးသားသွားတိုက်တံပေးပေမဲ့မရွံတတ်တဲ့ ကလေးကိုသူတို့နှစ်ယောက်အချစ်ပိုရသည်။ ထို့​နောက်ဟိုင်ကီက မျက်နှာသန့်စင်လို့လည်းပြီးရောသူ့အခန်းထဲကိုရေချိုးဖို့ သွားသည်။ အဲရစ် ကတော့ ဝိုင်ကီ့ ကိုဆေးထည့်ပေးဖို့နေခဲ့သည်။

"ကလေး နဲ့ တူတူ ရေချိုးမယ်ညက မသန့်စင်လိုက်ရဘူး အခု သန့်စင်ပေးမယ်"

" ဟုတ် "

ပုံမှန်ချိန်ဆို အနေအေးတဲ့ကလေးပေမယ့် sex လုပ်ချိန်ဆို အားအင်စုထားတဲ့ ကျားသစ်ပေါက်စလေးလို အလွန်ရဲတင်းလှသည်။ အဲရစ်တွေးရင်း ပြုံးနေမိသည်။ ဒါကိုမြင်သွားတဲ့ဝိုင်ကီကိုမေးစမ်းလာခဲ့သည်။

Umm!  Fuck Me🔞Where stories live. Discover now