part 8

14.3K 451 39
                                    

"ဘယ်သူလဲ"

"သခင်လေးပါ ဆရာ"

"အော်" ဆိုပြီးပြုံးလိုက်သည်။လူးဝစ်တစ်ယောက်ပြုံးမိသည်။ နောက်ဆုံးတော့ သူ့မြေးက သူ့ကို ဆက်သွယ်ပြီးပေါ့။ မိဘတွေဆုံးကထဲ က သူနဲ့အတူလာနေခိုင်းပေမဲ့ ဘာမဟုတ်တဲ့ကောင်လေးကြောင့် မြန်မာပြည်မှာပဲနေမယ်လို့သူ့ကို အော်ပြောခဲ့သည်။ ဒီက အဘိုးကြီးကပဲ နားလည်စွာခွင့်လွှတ်ပေးခဲ့သည်။ အခု​တော့သူ့ရဲ့အချိန်တွေစတေးရကျိုးတန်ခဲ့ပြီ ဆိုပြီးလူးဝစ်ပြုံးမိသည်။

. . . . . . . . . .

TheEnd

ဆိုတဲ့စာတန်းလေးအဆုံး အိပ်နေတဲ့ ကလေးငယ်ကို အဲရစ်နှိုးလိုက်လေသည်။

"ကလေး"

"ဟင်းး ပြီးပြီလား"

"ကိုကို ဟိုင်ကီရော "

"သူလား အိမ်ပြန်သွားပြီ"ဟုအဲရစ်ကပြောလိုက်တော့ ဝမ်းနည်းသွားတဲ့ဝိုင်ကီလေးကိုကြည့်ပြီး သူစိတ်ထဲမကောင်းဖြစ်မိသည်။ဒါပေမဲ့ သူငယ်ချင်းနဲ့ ချစ်သူဆိုရင် အဲရစ်က ချစ်သူကို ရွေးမိမှာအသေအချာပင်မို့ ကလေးငယ် သူ့ကိုစိတ်မပျက်အောင်သူသေချာချစ်ပေးတော့မည်။

ထို့​နောက် အဲရစ်နဲ့ ဝိုင်ကီလည်း ရုပ်ရှင်ရုံထဲကနေ ပြန်ထွက်လာကြပြီး ကားပါကင်မှာထိုးထားတဲ့ သူတို့ရဲ့ကားကိုစက်နှိုးပြီး စံအိမ်ကိုမောင်း သွားခဲ့သည်။ စံအိမ်ကို ရောက်တော့ ဝိုင်ကီလေး ဟိုင်ကီ့ကိုအသံအကျယ်ကြီးဖြင့်လှမ်းခေါ်နေသည်။ ဒါပေမဲ့ ထူးမယ့်သူမရှိချေ။

"ကိုကိုရေ ကိုကိုရေ ငယ်တို့ပြန်လာပြီ"

ဝိုင်ကီက​တော့ စံအိမ်ထဲမှာအသံကျယ်ကြီးအော်နေပေမဲ့ အဲရစ်ကတော့ စိတ်ထဲ တစ်မျိုးမျိုးမို့ ကားဂိုဒေါင်ကိုသွားကြည့်တော့ ကားမရှိတော့တာသိသွားပြီမို့ ဟိုင်ကီ ထွက်သွားပြီဆိုတာသိလိုက်ရသည်။ ထို့နောက် အဲရစ်လည်းဝိုင်ကီ့ကိုပြောပြဖို့ စံအိမ်ထဲကိုဝင်လာခဲ့သည်။ ဝိုင်ကီက​တေ့ကြမ်းပြင်မှာ ထိုင်လျက်နဲ့ ဝမ်းနည်းစွာငိုနေသည်ကို အဲရစ်ကတွေ့သွားသည်။

"ကလေး ကလေး ဘာမှစိတ်မပူနဲ့နော် ကိုယ် လိုက်ရှာပေးမယ်"

ထို့​နောက်ဝိုင်ကီ့ကို ရင်ခွင်ထဲထည့်ပြီးဖက်ထားမိသည်။ အဲရစ်က ဝိုင်ကီ့ကို လိုက်ရှာမယ်လို့ ကတိပေးပေမဲ့ ကလေးငယ်ကို သူပဲ ပိုင်ဆိုင်ချင်တာကြောင့် အဲ့ကတိက မုသားပါတဲ့ ကတိဖြစ်သွားခဲ့သည်။
...

Umm!  Fuck Me🔞Where stories live. Discover now