part 9

10.4K 364 17
                                    

"ဆန်ဒါဝေး! ! ဆန်ဒါဝေး! !"မီးဖိုချောင်ကနေအော်တဲ့အသံကြားတော့ကျွန်တော်လှမ်းကြည့်မိသည်။အစေခံ အိုကြီး ကသူ့မြေးကိုအော်ခေါ်နေသကဲ့သို့ကောင်လေးကလည်း အစေခံကိုလှည့်ကြည့်လိုက်သည်။ အစေခံကိုတွေ့သွားတော့ မျက်နှာငယ်လေးနဲ့ သူ့အနောက်ကနေလာပုန်းနေပြီး ကျွန်တော့်အင်္ကျီစလေး ကိုလာကိုင်သည်။

"ကယ်ပါအုံး " တော်တော်လေး ကိုချိုမြတဲ့မပီကလာပီကလာအသံလေးထွက်ပေါ်ထွက်လာတာကြောင့်ပြုံးမိသည်။ ကျွန်တော်ခန္ဓာကိုယ်ကို ကိုင်းပြီး ထိုကလေး ရဲ့နား အနားလေးကို "ဟင့်အင်း " ထိုကလေးမျက်နှာမဲ့သွားသည်ကို ကျွန်တော်မြင်တော့ ရယ်ချင်သွားသည်။

"အဟမ်း!! "အပေါ်ထပ်ကနေသြတဲ့အသံကြီးကို ကြားတော့ ထိုကလေး က ကြောက်ကြောက်လန့်လန့်နဲ့ ထိုအစေခံရဲ့ နောက်မှာအပြေးအလွှားသွားရပ်သည်။ ထိုချောင်းဟန့်သံမှာအခြားသူအဟုတ် ဟိုင်ကီရဲ့အဘိုးဖြစ်သူ လူးဝစ်ဖြစ်သည်။

ထို့နောက်ဆန်ဒါဝေး နဲ့ အစေခံတို့မီးဖိုချောင်ထဲဝင်သွားကြသည်။အစေခံကတော့ ဟိုင်ကီ့ကို လူးဝစ်နဲ့ဧည့်သည်ထင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ဟိုင်ကီကလည်း အလိုက်သိစွာ ခေါင်းပြန်ငြိမ့်ပြသည်။ ထို့နောက်လူးဝစ်ဆီကအမိန့်သံထွက်လာသည်။

"ဟိုင်ကီ မင်း ကဒီအဘိုးအိုကို အရင်လာမတွေ့ဘဲ ဆန်ဒါဝေး နဲ့ဆော့နေတယ်ပေါ့"

အမှန်က ဒီအဘိုး ကမြေး ကိုတွေ့ချင်လို့ အခန်းထဲမှဖင်တကြွကြွဖြစ်နေမယ့် သူကတော့ရောက်မလာခဲ့ချေ။ ထို့ကြောင့်ဒီအဘိုးအိုက ပဲ ထွက်တွေ့ ဖို့ဆုံးဖြစ်လိုက်ရသည်။ ထွက်တွေ့ပေမဲ့ ဆန်ဒါဝေးဆိုတဲ့ အစေခံမြေးနဲ့ဆော့နေတာကြောင့် သူကအရေးမပါဘူးဟုထင်သွားခြင်းဖြစ်သည်။ ဒါ့ကြောင့် ဟိုင်ကီ့ကို ဒီလို မကယရင့်ကျက်ရလားဟု စကားခွန့်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်လာပြီ"

အိမ်တော်ထိန်း ကလည်း အလုပ်သမား တစ်ချို့ကိုခေါ်ပြီး ဟိုင်ကီ့ရဲ့ အထုတ်တွေကို သူ့အခန်းထဲပို့စေခဲ့သည်။ ထို့နောက်ဟိုင်ကီလည်း သူ့အဘိုးရဲ့စာကြည့်ခန်း ထဲကိုသွားလိုက်သည်။

Umm!  Fuck Me🔞Where stories live. Discover now