Part : 15 [ U & Z ]

5K 331 4
                                    

Uni❤️

ဒီညဒီမှာအိပ်မယ်လို့ပြောပြီးအပြင်ထွက်သွားပြန်တယ် ။ ဘယ်သွားတယ်ဘာညာလည်းပြောမသွားဘူး ကိုယ့်ကိုအရေးမလုပ်တာသိပေမဲ့လည်းအခုလိုနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာတော့ပြောသွားသင့်တာပေါ့ ။ သူဘယ်အချိန်မှပြန်လာမယ်မသိတော့ ကိုယ်ကသူပြန်လာတဲ့အထိစောင့်နေရမှာလား ။ မစောင့်ဘဲအိပ်နှင့်ရင်လည်းသူပြန်လာရင်တံခါးကဘယ်သူထဖွင့်ပေးမှာလည်းစိတ်ညစ်တယ် ။ သူကပြောမသွားတော့ကိုယ်ကပဲလှမ်းမေးရမှာပေါ့ ။

ရှောင်းကျန့်ဖုန်းခေါ်နေတာသုံးခါရှိနေပြီ အခုထိမကိုင်သေးဘူး ။ အဲ့တော့ဒီကအိပ်နှင့်ရမှာလား ထိုင်စောင့်နေရမှာလား ။

Ring ...

" Hello "

" ဖုန်းခေါ်ထားလို့လေဘာပြောမလို့လဲ .. အစောကသန့်စင်ခန်းသွားနေလို့မသိလိုက်တာ "

" ဘယ်အချိန်ပြန်လာမှာလဲ၊ကျွန်တော်ကစောင့်ပြီးတံခါးဖွင့်ပေးရမှာမို့ "

" အာ .. sorry ကိုယ်မေ့သွားတယ်၊အခုပြန်လာပြီ၊နာရီဝက်လောက်ပဲစောင့် "

" အင်း၊ဟုတ်ပြီ "

တီ ~ ~ ~

ဖုန်းချပြီးသွားမှရေချိုးခန်းထဲဝင်ခြေလက်သန့်စင်လိုက်သည် ။ နာရီဝက်လောက်အချိန်ကိုအလကားထိုင်စောင့်ရမှာပျင်းလို့ ညကျတော့လည်းအေးအေးလေးအိပ်ချင်လို့ခြေလက်သန့်စင်အဝတ်အစားလဲလိုက်တော့အဆင်ပြေသွား၏။

တီတီတီ !!!

အဝတ်အစားလဲပြီးလို့အောက်ဆင်းမို့အလုပ် ခြံရှေ့ကကားသံကလည်းထွက်လာသည် ။ ခြံတံခါးဖွင့်ပေးပြီးပြန်ပိတ်ပြီးတဲ့အချိန် ကိုငယ်ကအပေါ်တောင်တတ်သွားပြီဖြစ်သည် ။

ရှောင်းကျန့်တစ်ယောက်အခန်းထဲလိုက်ဝင်သွားတော့ ဆိုဖာပေါ်မှာခပ်လျှောလျှောထိုင်နေတဲ့ကိုငယ့်ကိုတွေ့လိုက်သည် ။ အခန်းထဲအရက်နံ့ကလှိုင်လို့ !

" အငယ် ~ "

ခေါ်တာကိုကအာလေးလျှာလေးနဲ့ အရက်သမား !

" အငယ် ! ခေါ်နေတာမကြာဘူးလား "

" ကြားတယ် "

Apologize , my baby's father ( Complete )Where stories live. Discover now