Part : 17 [ U & Z ]

5.1K 332 7
                                    

Uni❤️

🚨မကြိုက်ရင်ကျော်သွားပေးပါ🚨

ဒီညလည်းဒီမှာပဲအိပ်မယ်လို့ပြောခဲ့ပြီး ကိုယ့်ကိုအိမ်ပြန်ပို့ပြီးကတည်းကအပြင်ထွက်သွားတာ အခုညဆယ်နာရီပဲထိုးနေပြီ ပြန်မလာသေးဘူး ။ ဘယ်တွေသွားပြီးဘယ်သူတွေနဲ့တွေ့နေသလဲဆိုတာလည်းမသိဘူး ။ ဖုန်းဆက်ပြီးလည်းပြန်လာပြီလားမလာသေးဘူးလား ဘယ်အချိန်ပြန်လာမှာလဲလို့မမေးချင်၊သူကကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ။

တီတီတီ ...

တွေးနေရင်းတန်းလန်းအိမ်ရှေ့ကကားသံကြားသည်မို့ဝရံတာထွက်ကြည့်လိုက်တော့ကားနှစ်စီး၊တစ်စီးကကိုငယ့်ကားနောက်တစ်စီးကအစ်ကိုယူဘင့်ကား ။ အမြန်ပဲပြေးဆင်းပြီးသွားဖွင့်ပေးလိုက်တော့ကိုငယ့်ကားကခြံထဲ‌ကိုဝင်လာသည် ။ ခနကြာတော့ကားမောင်းသူဘက်ကကိုငယ်ဆင်းလာသည်မဟုတ်ဘဲ အစ်ကိုယူဘင်ဆင်းလာသည်၊ကိုငယ်မူးနေလို့လိုက်ပို့တာတဲ့လေ ။ အစ်ကိုယူဘင်ကသူ့ကားကိုမောင်းပေးဖို့ဘားကစိတ်ချကတဲ့ကောင်းလေးတစ်ယောက်ကိုခေါ်လာရသည်တဲ့ ။

" အစ်ကိုကျွန်တော်ပဲတွဲသွားပေးလိုက်ပါ့မယ် "

သူလိုက်ပို့မှတစ်ခန်းထဲနေတယ်ဆိုတာသိသွားမှာ .. ဘာလို့လဲတော့မသိ သူတို့အတူတူနေတယ်ဆိုတာတမျိုးကြီးဖြစ်နေသည် ။

" အစ်ကိုပို့လက်စနဲ့ပို့ခဲ့ပါ့မယ် အားမနာပါနဲ့ "

ကိုယ့်ကိုအားမနာနဲ့ပြောနေပေမဲ့ သူကတဖန်ကိုယ့်ကိုပြန်အားနာနေသည်ထင်ပါရဲ့ ၊ သူနဲ့သောက်ပြီးဒီလောက်မူးသွားတယ်ဆိုတော့အားနားနေတာဖြစ်မယ် ။

" ရပါတယ်အစ်ကို ကျေးဇူးတင်ပါတယ် ၊ ညည့်နက်နေပြီမလို့အစ်ကို့ကိုအားနာလို့ပါ ပြီးတော့အပြင်ကအစ်ကို့ကားကသူစိမ်းနဲ့ထားခဲ့ရတော့သိပ်အဆင်မပြေဘူးလေ "

" အဲ့ဒါဆိုအစ်ကိုပြန်ပြီနော် ! ခြံတံခါးကိုလည်းသေချာပြန်ပိတ်အုံး "

" ဟုတ်ကဲ့အစ်ကို "

မူးနေတဲ့သူကိုဆိုဖာပေါ်ခနထားခဲ့ပြီး အစ်ကိုယူဘင်ထွက်ပြီးတာနဲ့ခြံတံခါးကိုသေချာပြန်ပိတ်လိုက်သည် ။ ပြီးမှအိမ်မကြီးတံခါးကိုသေချာပိတ်ပြီး မူးနေတဲ့လူကိုတွဲကာအပေါ်တက်ရသည် ။ တော်တော်လေးတဲ့သူပဲ ! အခန်းထဲရောက်တော့ဟိုတစ်နေ့ကလိုပဲသန့်ရှင်းရေးလုပ်ပြီးသူ့ကိုသေချာသိပ်ရသည် ။ ကိုယ်လုပ်ပေးတာမှန်သမျှအကုန်ငြိမ်ခံပြီးအသာတကြည်အိပ်သည် ။ အဲ့ဒီအထိဘာပြဿနာမှမရှိသေး၊ပြဿနာကညည့်နက်သန်းခေါင်ကျော်မှ …

Apologize , my baby's father ( Complete )Where stories live. Discover now