Part : 21 [ U & Z ]

5.7K 360 6
                                    

Uni❤️

" ကျွန်တော်ညီအစ်ကိုလိုပဲသတ်မှတ်တယ် ကိုငယ် "

" သေချာလားရှောင်းကျန့် "

" … "

" မေးရင်ဖြေရှောင်းကျန့်! မထုံတတ်တေးလာမလုပ်နဲ့ငါ့ကို "

ဒါတောင်လူကိုအရေးမလုပ်ဘူး တကယ်အကြောတင်း !
ကြက်စွတ်ပြုတ်အတူတူသောက်နေကြတုန်းကအကောင်း ဒီအကြောင်းဟမိမှအခုလိုဖြစ်သွားရသည် ။

" ဟာကွာ ! တောက်စ် ! "

အစောကအိပ်ချင်နေတဲ့လူက အခုကျကိုယ့်ကိုဒေါသထွက်နေသည်ပေါ့ ။ ကိုယ်ပြောတာမှားသလား ညီအစ်ကိုလိုသဘောမထားဘဲဘယ်လိုသဘောထားရမှာလဲ ၊ သူကရောကိုယ့်ကိုဘယ်လိုတွေများသဘောထားနေလို့လဲ ။ အမြဲတမ်းကိုယ်ကပဲအပြစ်ကြီးလုပ်ထားသလိုလိုဒေါသလာလာထွက်ပြနေတာ ဒီထပ်ပိုပြီးသည်းမခံနိုင်တော့ ။

" ကျွန်တော်ကဘာတွေများလုပ်နေလို့ဒေါသလာထွက်ပြနေတာလဲ ဟမ် !! အဲ့လိုဖြစ်နေတဲ့ကိုငယ်ကရောကိုယ့်ကိုယ်ကိုမှန်နေတယ်ထင်လို့လား "

" ဘာ !! "

" ဟုတ်တယ် ! အခုရောကျွန်တော်ပြောတာဘာမှားလို့လဲ "

" မင်းနဲ့ငါကညီအစ်ကိုဆက်ဆံရေးလား ဟမ် !! "

" မဟုတ်လို့လား ညီအစ်ကိုပဲကို "

" မင်းကိုညီတစ်ယောက်လုံးသဘောမထားတာမင်းအသိဆုံး "

အခုတော့ပါးစပ်ကထုတ်ပြောပြီပေါ့ …

" ဟွန်း ! သိပါတယ် ~ ဟိုးအရင်ကတည်းကညီအစ်ကိုလိုသဘောမထားမှန်း အိမ်မှာခေါ်ထားတာကိုမကြည်ဖြူမှန်း "

ဟော .. ပြောတာနဲ့ထင်တာကတစ်လွဲ !
ကိုယ်ပြောတဲ့သဘောက သူနဲ့ကိုယ်ရဲ့ပတ်သတ်မှုကအိပ်ယာထဲထိတောင်ရောက်နေပြီဆိုတာ …

" ကျစ် !! ငါပြောတာအဲ့သဘောမဟုတ်ဘူး မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုကိုမင်းမသိဘူးလား ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား "

" ဘာလဲ ဘာမှမသိဘူး "

ရှောင်းကျန့်တို့အရူးကွက်စနင်းနေပြီ ။

Apologize , my baby's father ( Complete )Where stories live. Discover now